
စကားလုံးတွေသိပ်မလိုဘူး
Intro
Verse 1
ကလေးလေးသိပ်ချစ်တယ်
ကိုယ်ဒါလေးပဲပြောတတ်တယ်နော်
ဘယ်အချိန်ဘယ်လိုစကား
ကိုယ်ချစ်သွားမှန်းမသိခဲ့ပေမယ့်
ကိုယ့်အသက်ရှင်သန်နေသ၍
ဆက်ချစ်သွားမယ်
Verse 2
ကလေးလေး မပြောတတ်ရင်
ဘာမှမင်းပြောဖို့မလိုဘူး
ကိုယ်မြင်နေပါတယ်အချစ်တွေ
မျက်ဝန်းနက်နက်လေးထဲမှာစွဲ
စကားလုံးတွေဟာတကယ်တော့
တို့အတွက်သိပ်မလိုဘူး
Chorus
နှစ်ကိုယ်တူမဆုံနိုင်လည်းကွယ်
ဆုံနေသလိုပါပဲ
အတွေးထဲအိပ်မက်ကိုယ်စီနဲ့
ရင်ခုန်စွာတို့နှစ်ဦးတည်း
Verse 3
ကလေးလေးလောကအလယ်
အတူတူတို့နှစ်ယောက်သွားကြမယ်နော်
ရင်မှာ ဘဝအမောတွေ
ကြုံတွေ့ကြလည်းတွဲလက်မဖြုတ်တမ်း
တို့အချစ်တွေဟာအင်အားများဖြစ်မယ်
Verse 4
ကလေးလေး ခွင့်လွှတ်တယ်
တကယ်လို့မင်းမချစ်တော့ရင်လည်း
ကိုယ်လေတကယ်ကိုနားလည်
စိတ်မကောင်းဘူးလို့ မပြောလိုက်ပါနဲ့
စကားလုံးတွေဟာတကယ်တော့
တို့ အတွက်သိပ်မလိုဘူး
စကားလုံးတွေဟာတကယ်တမ်း
တို့အတွက်သိပ်မလိုဘူး
စကားလုံးတွေဟာတကယ်ဆို
တို့ အတွက်သိပ်မလိုဘူး
Speed1.0x
Key0