
တုနှိုင်းမဲ့ရတနာ
Original key: F
INTRO
VERSE
မနက်ခင်းပွင့်တဲ့ပန်းလေးထက်ကိုပိုမွှေးတာ
ချစ်သမီးလေးရဲ့ပါးနုနုလေးတွေမှာ
ငှက်ကလေးများရဲ့တေးချင်းထက်ပိုချိုမြတာ
ချစ်သမီးလေးရဲ့စကားလေးများကြားစဉ်အခါ
PRECHORUS
ကမ္ဘာကြီးထဲဘယ်သူဘယ်အရာမှနှိုင်းမရ
ရင်ထဲကရတနာတစ်ပါး
CHORUS
အိုအနက်ရှိုင်းဆုံးချစ်မေတ္တာတရား
သမီးလေးသာဖန်ဆင်းပေးနိုင်ခဲ့တာ
ရင်မှာစိမ့်စမ်းရေအလားစီးဆင်းနေဒီမေတ္တာ
ထာ၀ရသမီးလေးအတွက်ပါ
INSTRUMENTAL
VERSE
အလှဆုံးအပြုံးလေးများနှုးညံ့တဲ့နှုတ်ခမ်းပေါ်မှာ
ချစ်သမီးလေးအမြဲတမ်းသိမ်းပိုက်ခွင့်ရစေသား
ဘာမဆိုရင်ဆိုင်ကာတိုက်ခိုက်ဖို့အသင့်အနေအထား
ပျော်ရွှင်ပါစေတစ်သက်လုံးသမီးလေးရဲ့ကိုယ်စား
PRECHORUS
အိုသမီးအတွက်အရာရာခံယူရဲခဲ့ပြီ
ကိုယ့်နှလုံးသားရတနာတစ်ပါး
CHORUS
အိုအနက်ရှိုင်းဆုံးချစ်မေတ္တာတရား
သမီးလေးသာဖန်ဆင်းပေးနိုင်ခဲ့တာ
ရင်မှာစိမ့်စမ်းရေအလားစီးဆင်းနေဒီမေတ္တာ
ထာ၀ရသမီးလေးအတွက်ပါ
SOLO
VERSE
မနက်ခင်းပွင့်တဲ့ပန်းလေးထက်ကိုပိုမွှေးတာ
ချစ်သမီးလေးရဲ့ပါးနုနုလေးတွေမှာ
ငှက်ကလေးများရဲ့တေးချင်းထက်ပိုချိုမြတာ
ချစ်သမီးလေးရဲ့စကားလေးများကြားစဉ်အခါ
PRECHORUS
အိုသမီးအတွက်အရာရာရင်ဆိုင်ရဲခဲ့ပြီ
ကိုယ့်နှလုံးသားရတနာတစ်ပါး
CHORUS
အိုအနက်ရှိုင်းဆုံးချစ်မေတ္တာတရား
သမီးလေးသာဖန်ဆင်းပေးနိုင်ခဲ့တာ
ရင်မှာစိမ့်စမ်းရေအလားစီးဆင်းနေဒီမေတ္တာ
ထာ၀ရသမီးလေးအတွက်ပါ
CHORUS
အနက်ရှိုင်းဆုံးချစ်မေတ္တာတရား
သမီးလေးသာဖန်ဆင်းပေးနိုင်ခဲ့တာ
ရင်မှာစိမ့်စမ်းရေအလားစီးဆင်းနေဒီမေတ္တာ
ထာ၀ရသမီးလေးအတွက်ပါ
ENDING
ထာ၀ရသမီးလေးအတွက်ပါ
ထာ၀ရသမီးအတွက်အဖေ့မေတ္တာ
Speed1.0x
Key0