
အမေ့အိမ်
Verse 1
လောကရဲ့ လမ်းများပေါ်လျှောက်သွား ရင်းနဲ့
မောပန်း နွမ်းနယ်
နှလုံးသားက လွမ်းဆွတ်လို့တမ်းတမိခဲ့
အမေ့ရဲ့အိမ် ကို
အေးမြတဲ့ အမေ့ရဲ့မေတ္တာရိပ်နဲ့ဝေးခဲ့ သူမို့
တစ်ခါတစ်လေပြန်လည်တွေး ရင်မှာပိုကြေကွဲ
Verse 2
ခြောက်သွေ့တဲ့ အိပ်မက်ရှည်တွေကြား
ထဲမှာ အရိပ်တစ်ခု လွင့်ပြယ်
ရက်စက်တဲ့ နေ့ရက်များတိုက်ခိုက်ကြလို့
အားနည်းနေ ပြီဆို
တင်းထားတဲ့ စိတ်ဓါတ်များပြိုကွဲသွားမလား စိုး ရိမ်လို့
ရင်မှာဒါဏ်ရာများနဲ့ နာကျင်နေပြီပဲ
Chorus
အိမ်ပြန်ချင်တယ် ဟူး
အငြိမ်းချမ်းဆုံးအ မေ့အိမ်
အိမ်ပြန်ချင်တယ် ဟူး
အနွေးထွေးဆုံးအ မေ့အိမ်
အိပ်မရတဲ့ ညများစွာထဲ
ရထားဥဩသံ လေးများကြားရင်
အိမ်ပြန်ချင်တဲ့ စိတ်ကလေး တားမရဘူး
Music
Verse 3
မွန်းကျပ်တဲ့ မြို့ပြလူနေမှု
စနစ်မှာစီးမြော ရင်းလေ
မပြီးသေးတဲ့ ခရီးတစ်ခုအဆုံးထိရောက်ဖို့
ကြိုးစားနေ သူမှာ
ရိုးသားတဲ့ ကျေးလက်ကအမေ့အိမ်လေးအကြောင်း
တွေးမိ နေလို့မြင်ယောင်ကာအိမ်မက်ရင်
အလိုလိုငိုချင်တယ်
အားလုံးထက်နွေး ထွေး လုံခြုံတဲ့နေရာဟာ
အမေ့ရင်ခွင်ပဲလို့သိလိုက်ရတဲ့အချိန်ကျ
တော့ ကျွန်တော်က ဟိုး အဝေးကြီးမှာ
ရောက်ရှိနေခဲ့ပြီလေ
ရိုးသားတဲ့ ကျေးလက်ကအမေ့အိမ်လေးအကြောင်း
တွေးမိ နေလို့ မြင်ယောင်ကာအိမ်မက်ရင်
အလိုလိုငိုချင်တယ်
Speed1.0x
Key0