
မင်းလေးနားလည်
Intro
မင်းလေးရဲ့ အကြောင်း မသိဘဲနဲ့ ချစ်လိုက်မိပြီ
သူများတွေထက်ထူးလို့ မင်းလေးငါ့ကိုညို့ယူ
စွဲမက်ဖို့ ကောင်းတယ် ခြေလှမ်းလေးလည်းလှတယ်
ငါ့မှာတော့ရူး မင်းလေးရဲ့ အလှမှာ မူး မူး မူး
နေ့သစ်များ နင်ဖန်ဆင်းပေးမလား သိပ်သိချင်တယ်
နတ်ပန်းချီရှုံးလို့ ဒီအပြုံးလေးများ ငါ့ကိုအဖမ်းစားဆုံး
စိတ်မဝင်စားဘူး ဘယ်မိန်းခလေးမှ မကြည့်ချင်
မင်းတစ်ယောက်ကိုပဲ ငါရူးတော့မယ်
မင်းလေးနားလည် အကြင်နာငါ့ချစ်ခြင်းများ
လှိုင်းများထနေတဲ့ ရင်ခွင်ကို မင်းမြင်ရဲ့လား
ပြန်ပြီးရချင်တယ် မင်းရဲ့အချစ်များဖြစ်နိုင်မလား
များလဲ ကိုယ်ကတော့ချစ်မယ်
မသိချင်ဘူး မင်းရည်းစားတွေ ဘယ်လောက်ရှိရှိ
အရိပ်လိုအမြဲပဲ မင်းဘေးနားမှာငါရှိချင်တယ်
အတွေးတွေနဲ့ရူး မင်းရဲ့အပြုံးမှာ မူး မူး မူး
နေ့သစ်များ နင်ဖန်ဆင်းပေးမလား သိပ်သိချင်တယ်
မျက်နှာဝန်းလေး အိုး..ချစ်လိုက်ရတာ အရမ်းပဲကွယ်..
ငါ့အနာဂတ်များ လိုအပ်ရင် မင်းလေးယူ..
သိပ်ချစ်နေလို့ ငါရူးတော့မယ် Baby
မင်းလေးနားလည် အကြင်နာငါ့ချစ်ခြင်းများ
လှိုင်းများထနေတဲ့ ရင်ခွင်ကို မင်းမြင်ရဲ့လား
ပြန်ပြီးရချင်တယ် မင်းရဲ့အချစ်များဖြစ်နိုင်မလား
မှော်လို ဖမ်းစား ငါ့ရဲ့ အသည်းကို ယူဆောင်သွား
သံပတ်များအလား မင်းနဲ့တွေ့မှ နိုးထလာ
ရင်ခုန်ခြင်း ငါ့ရဲ့ကောင်းကင်ဟာ နင်ပဲ
ထွန်းလင်းခဲ့ပြီ မီးလေး
Speed1.0x
Key0