မင်းအတွက်မင်း
Original key: G
Intro
Verse
မနက်ဖြန်တိုင်းမှာအဓိပ္ပါယ်ရှိပါတယ်
စိတ်ကူးနဲ့ကြိုပွေ့ဖက်
အဆိုးတွေချန်ခဲ့ဖို့ အတိတ်တွေစောင့်နေသေးတယ်
မင်းကြေကွဲရင် မျက်ရည်ကသယ်ဆောင်လို့သွားမယ့်အပူမီးတွေ
အရှုံးဟာအခွင့်အရေးအတွက် အားတွေဖြစ်လာလိမ့်မယ်
မင်းအတွက်မင်းရှိတယ် ဘယ်သူမှလှည့်မကြည့်လဲ
ဆုံးဖြတ်ခွင့်ရှိမယ် ဘယ်သူမှမတားမြစ်လဲ
Chorus
မင်းအတွက်မင်းရှိတယ် ဘယ်သူကမင်းအတွက်ပို ကောင်းမလဲ
လဲကျတော့ကိုယ်တိုင် ရုန်းထရမှာ မင်းပဲ
မင်းအတွက်မင်းရှိရက် ဘယ်အရာကို အားကိုးနေဦးမလဲ
အမှန်ဆိုတာအတွက် မင်းခန္ဓာစတေးပြီး
ရှေ့ဆက် ကိုယ်တိုင်ထွန်းညှိ ဖို့အလင်းတစ်စက်
Verse
သစ္စာတရားကို တပ်မက်ခြင်းတွေအတွက် လောင်မြိုက်ဖို့အသက်မသွင်းနဲ့
ဘဝဟာ အိပ်မက်ပေါ့မင်းဘာမှမပိုင်ဘူးပဲ
ကောင်းကင်ကတစ်ပွင့်သောကြယ်လေးကြွေရုံနဲ့ ညကအရောင်မဖြော့ပါ
ရှိနေရုံသက်သက် မင်းဘာမှမဟုတ်ဘူးပဲ
မင်းရဲ့အတ္တဟာ တကယ်ဆိုမင်းအတွက်အဆိပ်ပါပဲ
လိုက်စားဖို့မမွေးနဲ့ကွာ ဖြေဆေးကမေတ္တာတရား
Chorus
မင်းအတွက်မင်းရှိတယ် ဘယ်သူကမင်းအတွက်ပို ကောင်းမလဲ
လဲကျတော့ကိုယ်တိုင် ရုန်းထရမှာ မင်းပဲ
မင်းအတွက်မင်းရှိရက် ဘယ်အရာကို အားကိုးနေဦးမလဲ
အမှန်ဆိုတာအတွက် မင်းခန္ဓာစတေးပြီး
ရှေ့ဆက် ကိုယ်တိုင်ထွန်းညှိ ဖို့အလင်းတစ်စက်
Bridge
ငါမရောက်ဖို့သွားနေတယ် ခရီးများလွတ်မြောက်ပြီး
ငါမသိဖို့ရုန်းကန်ဆဲ သံသရာဆိုတာငါမုန်းတီး
အသိနဲ့ထိန်းတဲ့သတိတိုင်းမှာ အရာရာကိုဆင်ခြင်နိုင်စွမ်းရှိ
အမုန်းတွေအရှုံးတွေအားလုံးပျက်သုဉ်းပြီး
မင်းပဲ
မင်းအတွက်မင်းရှိတယ်
[Solo]

Speed1.0x
Key0