အိပ်ယာဝင်တေး
Original key: E
INTRO
VERSE
နာရီလက်တံဆယ်ချက်တီးသံ
ကမ္ဘာတဖက်ခြမ်းအိပ်စက်ဖို့ကြံ
အပြင်မှာရွာသွန်းနေ July မိုးတွေ
ရွာသံတဖျောက်ဖျောက်စည်းချက်မှန်
PRECHORUS
တိတ်ဆိတ်ငြိမ်သက်လမ်းမတွေထက်
မိုးအေးအေးနဲ့
ညငှက်တို့တောင်ပျင်းရိမှေးစက်
ပြတင်းပေါက်ကိုပိတ်အခန်းမီးတွေမှိတ်
စိတ်လျှော့ကာအိပ်
မင်းအတွက်ကိုယ့်အိပ်ယာဝင်
တေးလေးနားဆင်ရင်း
အခု
CHORUS
ကောင်းသောညလေးပါကိုယ့်ချစ်သူ
မင်းမျက်လုံးတွေမှိတ်လို့
တဒင်္ဂအနားယူ
စုန်ချည်ဆန်ချည်
ဒီဘဝရဲ့လှိုင်းဒဏ်ကြား
အချစ်လေးမင်း
မောပန်းလို့နေမှာ
ကောင်းသောညလေးပါကိုယ့်ချစ်သူ
အိပ်မက်တို့လှအောင်မင်းအတွက်
ကိုယ်ဆုတောင်းပြု
ပူပန်စရာတွေကိုမတွေးနဲ့တော့ဒီည
အဆင်ပြေသွားမှာပေါ့
နောက်တနေ့မနက်ကျ
အိပ်စက်လိုက်ပါကွာ
တို့နှစ်ယောက်အတွက်ကောင်းသောညပါ
INSTRUMENTAL
VERSE
အဆင်မပြေမှုရယ်
တာဝန်များအလယ်
မမြင်ကြာပေါ့မင်းအပြုံးတွေ
ပျောက်ကွယ်
အရာရာတိုင်းအတွက်
ပူမနေတော့နဲ့
ကိုယ်ဝေမျှထမ်းပိုးပေးမယ်
PRECHORUS
ပြတင်းပေါက်ကိုပိတ် အခန်မီးတွေမှိတ်
စိတ်လျှော့ကာအိပ်
ချော့သိပ်ဖို့အိပ်ယာဝင်
တေးလေးသီဆိုချိန်အခု
CHORUS
ကောင်းသောညလေးပါကိုယ့်ချစ်သူ
မင်းမျက်လုံးတွေမှိတ်လို့
တဒင်္ဂအနားယူ
စုန်ချည်ဆန်ချည်
ဒီဘဝရဲ့လှိုင်းဒဏ်ကြား
အချစ်လေးမင်း
မောပန်းလို့နေမှာ
ကောင်းသောညလေးပါကိုယ့်ချစ်သူ
အိပ်မက်တို့လှအောင်မင်းအတွက်
ကိုယ်ဆုတောင်းပြု
ပူပန်စရာတွေကိုမတွေးနဲ့တော့ဒီည
အဆင်ပြေသွားမှာပေါ့
နောက်တနေ့မနက်ကျ
အိပ်စက်လိုက်ပါကွာ
တို့နှစ်ယောက်အတွက်ကောင်းသောညပါ
ENDING
အိပ်စက်လိုက်ပါကွာ
တို့နှစ်ယောက်အတွက်ကောင်းသောညပါ
အိပ်စက်လိုက်ပါကွာ
တို့နှစ်ယောက်အတွက်ကောင်းသောလေး
OUTRO
Speed1.0x
Key0