ဝမ်းနည်းတတ်တဲ့ချစ်သူ
Verse 1
အားတင်းထားပါဦးမငိုနဲ့ကွာဆက်ပြီးတော့
အရှုံးမပေးဘူးနော်ငါတို့ဘဝအတွက်ပေါ့
အတူတူ ကြိုးစားခဲ့တာပဲ ကံတရားဟာ ထင်သလောက်တော့
မရက်စက်ခဲ့တဲ့အတွက် တို့နှစ်ယောက် မျှော်လင့်နိုင်ပါသေးတယ်
အုတ်တစ်ချက်နဲ့ သဲတစ်ပွင့်နဲ့ ဆောက်ခဲ့ပြီးမှ
အိပ်မက်တို့မဝေးတော့လို့ အားမလျှော့နဲ့ ဆက်လျှောက်မယ်
Chorus
Baby မင်းမျက်လုံးတို့ အားဖျော့ခိုက်
ငါ့ရဲ့ပုခုံးထက် မှေးစက်လိုက်
အခက်အခဲများအတွက် ငါအရှေ့ကရှိတာပဲ
ဘယ်လိုအဆိုးဆုံး နေ့တို့ ဖြတ်ရလည်း
ရောင့်ရဲတဲ့အတွက်ကျေးဇူးတင်တယ်
နောက်ထပ်အဆိုးတို့ မရှိဖို့ ကတိတွေပဲ
လာပါ ဝမ်းနည်းတတ်တဲ့ချစ်သူ
အားမငယ်နဲ့
Verse 2
ဘဝရဲ့အဓိပ္ပါယ်ကို ငါတို့အတူဖွင့်ပြီးတော့
ဆက်ကြိုးစားကြမယ် ဘာများခက်လို့လဲ
မနက်အသစ်မရောက်ခင်သာ အမှောင်ထုဟာကြာလွန်းခဲ့
နွေးထွေးခြင်းတို့နဲ့ နေမင်းရဲ့အလင်းရောင်လာတော့မယ်
အုတ်တစ်ချက်နဲ့ သဲတစ်ပွင့်နဲ့
ဆောက်ခဲ့ပြီးမှ
အိပ်မက်တို့မဝေးတော့လို့
အားမလျှော့နဲ့ ဆက်လျှောက်မယ်
Chorus
Baby မင်းမျက်လုံးတို့ အားဖျော့ခိုက်
ငါ့ရဲ့ပုခုံးထက် မှေးစက်လိုက်
အခက်အခဲများအတွက်
ငါအရှေ့ကရှိတာပဲ
ဘယ်လိုအဆိုးဆုံး နေ့တို့ ဖြတ်ရလည်း
ရောင့်ရဲတဲ့အတွက်ကျေးဇူးတင်တယ်
နောက်ထပ်အဆိုးတို့မရှိဖို့
ကတိတွေပဲ
လာပါ ဝမ်းနည်းတတ်တဲ့ချစ်သူ
အားမငယ်နဲ့
Bridge
ဝမ်းနည်းရတဲ့နေ့တွေပြန်ရေတွက်ဦးဟေ့ မဆိုစလောက်လေးပါ နင်ယုံကြည်ထားပေး
တစ်နေ့နေ့ အကောင်းဆုံးဖြစ်မယ် အားတင်းထားလိုက်တော့
တဒင်္ဂလေးပဲ လာပါ ငိုမနေတော့နဲ့
အုတ်တစ်ချက်နဲ့ သဲတစ်ပွင့်နဲ့ ဆောက်ခဲ့ပြီးမှ
အိပ်မက်တို့မဝေးတော့လို့ အားမလျှော့နဲ့ ဆက်လျှောက်မယ်
Chorus
Baby မင်းမျက်လုံးတို့ အားဖျော့ခိုက် ငါ့ရဲ့ပုခုံးထက် မှေးစက်လိုက်
အခက်အခဲများအတွက် ငါအရှေ့ကရှိတာပဲ
ဘယ်လိုအဆိုးဆုံး နေ့တို့ ဖြတ်ရလည်း ရောင့်ရဲတဲ့အတွက်ကျေးဇူးတင်တယ်
နောက်ထပ်အဆိုးတို့ မရှိဖို့ ကတိတွေပဲ
လာပါ ဝမ်းနည်းတတ်တဲ့ချစ်သူ အားမငယ်နဲ့
လာပါ ဝမ်းနည်းတတ်တဲ့ချစ်သူ အားမငယ်နဲ့
လာပါ ဝမ်းနည်းတတ်တဲ့ချစ်သူ အားမငယ်နဲ့
အားတင်းထားပါဦး မငိုနဲ့ကွာဆက်ပြီးတော့
အရှုံးမပေးဘူးနော် ငါတို့ဘဝအတွက်ပေါ့
Speed1.0x
Key0