
ဝတ်မှုန်
Original key: D#
INTRO
VERSE
တေးသွားချိုသီကာကျူးတဲ့ကျေးငှက်ကိုလှမ်းလို့ကြည့်ကာ
ပန်းကလေးကပြောလိုက်တယ်လောကရဲ့အလှအပဟာ
တို့ပွင့်မှပြည့်စုံတာတဲ့
ပန်းချစ်သူပျားကပြုံးတယ်တောက်ပတဲ့အဆင်းလည်းရှိတယ်
လိုက်ဖက်မယ့်မွှေးရနံ့နဲ့ဆိုဝတ်မှုန်ရယ်နင်နဲ့နှိုင်းရင်
ရှုံးကြမှာပဲ
CHORUS
ရင်ထဲရှိရှိသမျှပြောပြရရင်တကယ်လှတယ်
မြင်သူတကာငေးငေးလောက်အောင်လှရက်လို့
ချူလိုသူတွေလက်ထဲမှာအလှမပျက်အောင်
ဆုတောင်းတယ်ပန်းကလေးရယ်
သင်းပျံ့ကာအမြဲမွှေးစေချင်တယ်
INSTRUMENTAL
VERSE
မိုးကောင်းကင်ကြည်ပြာအောက်မှာကောင်းခြင်းတွေပေါင်းစုစည်းကာ
သူ့ထက်ပိုကဲလှသူရှိတော့ဖြင့်ရှိလိမ့်မယ်
အေးမြတဲ့အပြုံးပိုင်ရှင်ရယ်
တောင်းဆုတွေပြည့်ဝခဲ့သူနူးညံတဲ့နှလုံးသားနဲ့အတူ
စွဲမက်ဖွယ်စကားနဲ့ဆင့်ကာတုယှဉ်ပြိုင်လာလို့နှိုင်းရင်
ရှုံးကြမှာပဲ
CHORUS
ရင်ထဲရှိရှိသမျှပြောပြရရင်တကယ်လှတယ်
မြင်သူတကာငေးငေးလောက်အောင်လှရက်လို့
ချူလိုသူတွေလက်ထဲမှာအလှမပျက်အောင်
ဆုတောင်းတယ်မိန်းကလေးရယ်
ပန်းကလေးလိုလှတဲ့ချစ်သူရယ်
INSTRUMENTAL
VERSE
တေးသွားချိုသီကာကျူးတဲ့ကျေးငှက်ကိုလှမ်းလို့ကြည့်ကာ
ပန်းကလေးကပြောလိုက်တယ်လောကရဲ့အလှအပဟာ
တို့ပွင့်မှပြည့်စုံတာတဲ့
ပန်းချစ်သူပျားကပြုံးတယ်တောက်ပတဲ့အဆင်းလည်းရှိတယ်
လိုက်ဖက်မယ့်မွှေးရနံ့နဲ့ဆိုဝတ်မှုန်ရယ်နင်နဲ့နှိုင်းရင်
ရှုံးကြမှာပဲ
CHORUS
ရင်ထဲရှိရှိသမျှပြောပြရရင်တကယ်လှတယ်
မြင်သူတကာငေးငေးလောက်အောင်လှရက်လို့
ချူလိုသူတွေလက်ထဲမှာအလှမပျက်အောင်
ဆုတောင်းတယ်ပန်းကလေးရယ်
သင်းပျံ့ကာအမြဲမွှေးစေချင်တယ်
ENDING
Speed1.0x
Key0