Original key: Am
INTRO
VERSE
စကားလုံးလေးများဆွံ့အသွားချိန်ခဏ
နှလုံးသားထဲကဖွင်ဟထွက်ကျလာ
ရင်ခုန်သံကိုထိန်းလို့မရ
ပိုတယ်မင်းပြောတဲ့အခါ
ချစ်သူဟာပန်းတစ်ပွင့် ဖြစ်နေမလား
VERSE
ဒုက္ခအမျိုးမျိုးပေးတက်တဲ့ဒီဘဝ
အလှတရားလေးတစ်ခုတော့ဖူးပွင့်ပေးခဲ့ရှာ
တစ်နေရာစာငါ တိတ်တဆိတ်
နားခိုနိုင်ခွင့်ရှိဖို့ရာ
ချစ်သူဟာပန်းတစ်ပွင့် ဖြစ်စေသား
CHORUS
ကံကြမ္မာဆိုတာအမှားပြင်ဆင်ချိန်မရ
ကြိုတွက်ချက်လို့မရတဲ့အရာ
မကြွေခင်အရင်ငါ မပိုင်ဆိုင်ချင်တဲ့အခါ
ငါနောက်ကျသွားပြီလား
VERSE
စကားလုံးလေးများလှပအသက်ဝင်သွား
နှလုံးသားလေးလည်းသော့နဲ့ခဏပိတ်ကာ
ရင်ခုန်သံကိုဘေးချိတ်လို့
နင်ရယ်ပြလိုက်တဲ့အခါ
ချစ်သူဟာပန်းတစ်ပွင့် ဖြစ်လို့သွား
SOLO
CHORUS
ကံကြမ္မာဆိုတာအမှားပြင်ဆင်ချိန်မရ
ကြိုတွက်ချက်လို့မရတဲ့အရာ
မကြွေခင်အရင်ငါ မပိုင်ဆိုင်ချင်တဲ့အခါ
ငါနောက်ကျသွားပြီလား
ENDING
ငါနောက်ကျသွားခဲ့လား