Original key: Eb
Intro
Verse 1
မပြောဖြစ်တဲ့ စကားလေး ကြိတ်မျိုသိပ်ရင်း
နှလုံးသားချင်း ဝေးရမှာကြောက်တယ်
ငါလေ အသည်း ရင်ဘတ်ထဲ ကွဲကာမှ
အရမ်းချစ်မိခဲ့တာ ပိုနားလည် ဒါမင်းသိစေချင်
Verse 2
အားနည်းချက်ရှိတဲ့ဘဝနဲ့ ကြည်ဖြူမလား
သောကများ သိမ်းစရာပေးလည်း
ငါကြင်နာသော ရင်ခွင်ထဲ ခုံမင်စွာ
မှေးစက်ခွင့် ရချင်သေးတယ် အို သတိရတိုင်းပဲ
Chorus
ငါ ရင်ခွင်ပျောက်သူ တစ်ချိန်ချိန် ကြင်နာခဲ့ဖူး
ချစ်ခွင့်မရှိရင်နေ ထွက်မသွားပါနဲ့
ငါ အကြင်နာပျောက်သူ တစ်ချိန်ချိန် ကြင်နာခဲ့သလို
အတိတ်ရဲ့အရိပ်များပဲ ပြန်ရချင်တယ်
Music
Verse 2
အပြစ်မဲ့တဲ့ တို့နှစ်ယောက်အချစ်ကို မြင်ကြည့်ဦး
မရှိကြတဲ့ ဘဝရဲ့နားလည်မှုကြောင့်ကွယ်
ဒီအမုန်း ရေစီးထဲ မျောပါရင်း ချစ်ရက်နဲ့ ရှင်ကွဲ ဝေးရတယ်
ဒါအတိတ်ရဲ့ အရိပ်တွေ
Chorus
( ငါ ရင်ခွင်ပျောက်သူ တစ်ချိန်ချိန် ကြင်နာခဲ့ဖူး
ချစ်ခွင့်မရှိရင်နေ ထွက်မသွားပါနဲ့
ငါ အကြင်နာပျောက်သူ တစ်ချိန်ချိန် ကြင်နာခဲ့သလို
အတိတ်ရဲ့အရိပ်များပဲ ပြန်ရချင်တယ် ) x2
Ending