Original key: A
Intro
Verse 1
ဘယ်အချိန်ခါမဆို ထာဝစဉ်ပြုံးရွှင်နေတတ်တဲ့ ကိုယ့်ချစ်သူ
တစ်ခါတစ်ခါ သူစိတ်တိုင်းမကျတောင် အစဉ်အားပေးတတ်တဲ့သူ
ကိုယ်ပျော်ရင်သူလည်းပျော်မယ် ကိုယ်ငိုရင် သူလည်းငိုမယ်
တစ်ခါတစ်လေများ အပြင်ပြဿနာတွေယူလာပြီး သူစိတ်မချမ်းသာအောင်
Chorus 1
ပြန်လည်တွေးတိုင်း သနားလို့လာတယ် ဘယ်သူနဲ့မှမတူဘူး
အနိုင်ယူတတ်တဲ့ ကိုယ့်တစ်ယောက်ကိုကွယ် ခွင့်လွှတ်ရင်း
အမြဲဂရုစိုက်တတ်တဲ့ ကိုယ့်ချစ်သူ
Music
Verse 2
ဘယ်အချိန်ခါမဆို ကိုယ့်အနားမှာ အတူရှိတဲ့ကိုယ့်ချစ်သူ
ကြာလာလေလေ ပိုချစ်လာလေ တကယ်ပြည့်ဝလွန်းတဲ့သူရေ
သူပျော်ဖို့ရှေ့တန်းတင်မယ် ဒီသီချင်းနဲ့ ကိုယ်တောင်းပန်မယ်
သူနေချင်တဲ့ဘဝမျိုးမှာ အတူနေနိုင်ဖို့ ကိုယ်လေကြိုးစားမယ်
Chorus 2
ဒီသီချင်းလေး မင်းအတွက်ဆိုမယ် ကြင်နာတတ်တဲ့သူ့အကြောင်းလေး
ပြန်လည်တွေးတိုင်း သနားလို့လာတယ် ဘယ်သူနဲ့မှမတူဘူး
အနိုင်ယူမိတဲ့ ကိုယ့်တစ်ယောက်ကိုကွယ် ခွင့်လွှတ်ရင်း
အမြဲဂရုစိုက်တတ်တဲ့ ကိုယ့်ချစ်သူ
Solo

Ending