Original key: F
Chorus
အကြိမ်ကြိမ်ရင်ခုန်မိသော မင်းမျက်ဝန်း အာရုံမှာငြိတဲ့ မျက်ဝန်း
မင်းရဲ့အကြည့်မှာမျောနေခဲ့ မင်းရဲ့ မင်းရဲ့ အချစ်မျက်ဝန်း
Intro
Verse 1
ကျိန်စာလား ရပ်မသွားတဲ့ ခံစားချက်ပေါင်းများစွာနဲ့
စူးရှတဲ့ မျက်ဝန်းတစ်စုံ ㅤမင်းချန်ခဲ့ ㅤ
မူမပိုင်တဲ့ မျက်ဝန်းအတွက် ကြိတ်ပြီးရူးခဲ့ရပေမယ့်
နှုတ်ဆက်မယ့် မျက်ဝန်းတွေ တွေးပူနေ
Pre Chorus
ဟန်မဆောင်တဲ့ အချစ်တွေနဲ့ ရင်ထဲကစောင့်မျှော်ခဲ့ ဖွင့်ပြောခဲ့ချင်ပေမယ့်
မသေချာတဲ့ အချစ်တွေနဲ့ ပစ်သွားမလား စိုးရိမ်ခဲ့ မျက်ဝန်းနဲ့ ပြောနေမိခဲ့
Chorus
အကြိမ်ကြိမ်ရင်ခုန်မိသော မင်းမျက်ဝန်း အာရုံမှာငြိတဲ့ မျက်ဝန်း
မင်းရဲ့အကြည့်မှာမျောနေခဲ့ နေ့တွေ ညတွေ မှားသွားခဲ့
ချိုမြိန်သာယာလေသော မင်းမျက်ဝန်း ရင်မှာနှောင်ကြိုးဖွဲ့မျက်ဝန်း
မင်းရဲ့အကြည့်မှာမျောနေခဲ့ မင်းရဲ့ မင်းရဲ့ အချစ်မျက်ဝန်း
Music
Verse 2
ဘယ်လောက်ပဲ တို့ဝေးပါစေ တစ်ချက်လေး စောင်းငဲ့ကြည့်ရုံနဲ့
မျက်ခုံးအပင့်မှာ ဒီအလွမ်းတွေ ပုန်းကွယ်နေ
ချိုမြိန်တဲ့ အချစ်စကားတွေ ဘယ်လိုပဲ ခဏခဏပြောချင်လည်း
မင်းရှေ့မှာ အတောင်ကျိုးတဲ့ ㅤငှက်လိုပဲ
Pre Chorus
ဟန်မဆောင်တဲ့ အချစ်တွေနဲ့ ရင်ထဲကစောင့်မျှော်ခဲ့ ဖွင့်ပြောခဲ့ချင်ပေမယ့်
မသေချာတဲ့ အချစ်တွေနဲ့ ပစ်သွားမလား စိုးရိမ်ခဲ့ မျက်ဝန်းနဲ့ ပြောနေမိခဲ့
Chorus
အကြိမ်ကြိမ်ရင်ခုန်မိသော မင်းမျက်ဝန်း အာရုံမှာငြိတဲ့ မျက်ဝန်း
မင်းရဲ့အကြည့်မှာမျောနေခဲ့ နေ့တွေ ညတွေ မှားသွားခဲ့
ချိုမြိန်သာယာလေသော မင်းမျက်ဝန်း ရင်မှာနှောင်ကြိုးဖွဲ့မျက်ဝန်း
မင်းရဲ့အကြည့်မှာမျောနေခဲ့ မင်းရဲ့ မင်းရဲ့ အချစ်မျက်ဝန်း
Bridge
မျက်ဝန်းထဲက မိုးစက်လေးများ မကျစေဖို့
ငါ့ရင်ထဲㅤက ထစ်ချုန်းမိုးခြိမ်းသံကို
မင်းအတွက် တစ်သက်လုံးပဲ သိမ်းထားမယ်
Solo