Original key: G
Intro
Verse 1
ရိုစီ မင်းကိုယူဆောင်လာသူ လောကထဲ နာမည်လွယ်လွယ် ပျံ့နှံ့နေ
မင်းရဲ့ဆူးကို ဂန္တဝင်ဆန်ဆန်ဖွဲ့သူတွေ နားမျက်စိတွေ ကန်းသွားပြီပဲ
လွဲမှားသွားပါစေ ဒီအတိုင်းထားလိုက်တယ်
ဓါးထက်ထက်ဆူးတွေ အကုန်လုံးနစ်မြုပ်ပါစေ
အန္တရာယ်ကို ရင်ဆိုင်ချင်တယ် မတားနဲ့တော့
ရိုစီ ငါ့ကိုကြည့်လိုက်စမ်းပါ မင်းရဲ့လက်ထဲ မောပန်း
အို အို ရိုစီ ရိုစီ အန္တရာယ်တွေ ပေးဦးမလား
အို အို ရိုစီ ရို ရို ရိုစီ ဆူးနဲ့အဆိပ်ကို လက်ဆောင်ပေး
Verse 2
ရိုစီ ငါ့ကိုကြင်နာနေတာ မဖြစ်နိုင်ဘူး ဆူးဓါးများစွာ နစ်မြုပ်ပြီ
ညရဲ့အိပ်ရာတွန့်ကြေချိန်မှာ မအိပ်သေးသူ ပြန်စဉ်းစား ငါအဆိပ်တက်နေပြီ
မှားသွားပြီ မင်းကိုတန်ဖိုးထားခဲ့တာ မင်းကိုချစ်တယ် နှင်းဆီတစ္ဆေလား မင်းလှည့်ဖြား
အန္တရာယ်ကိုရင်ဆိုင်နိုင်ပြီ ထားလိုက်တော့
ရိုစီ ငါ့ကိုကြည့်လိုက်စမ်းပါ မင်းရဲ့လက်ထဲ မောပန်း
အို အို ရိုစီ ရိုစီ အန္တရာယ်တွေ ပေးဦးမလား
အို အို ရိုစီ ရို ရို ရိုစီ ဆူးနဲ့အဆိပ်ကို လက်ဆောင်ပေး
အာဟာဟာ ရေးရေး ဝိုးဝိုး ရိုစီ
အာဟာဟာ ရေးရေး ဝိုးဝိုးဝိုးဝိုး ရိုစီ
Solo
Verse 3
ငါ့ဘဝဟာ မင်းလက်ထဲမှာ ဆုံးရှုံးမလား
မင်းကိုချစ်တယ် နှင်းဆီတစ္ဆေလား မင်းလှည့်ဖြား
အန္တရာယ်ကို ရင်ဆိုင်ချင်တယ် မတားနဲ့တော့
ရိုစီ ငါ့ကိုကြည့်လိုက်စမ်းပါ မင်းရဲ့လက်ထဲ မောပန်း
အို အို ရိုစီ ရိုစီ အန္တရာယ်တွေ ပေးဦးမလား
အို အို ရိုစီ ရိုစီ ဆူးနဲ့အဆိပ်ကို လက်ဆောင်ပေး
အာဟာဟာ ရေးရေး ဝိုး ဝိုး ရိုစီ
အာဟာဟာ ရေးရေး ဝိုးဝိုး ဝိုးဝိုး ရိုစီ
Ending