Original key: F
Intro
Verse 1
အိမ်ကိုမင်းလွမ်းနေသားနဲ့ ပေတေပြီး ခုလောက်ထိတော့ မင်းမခွဲစဖူး
ဟိုအရင်တုန်းက တို့အိမ်လေးထဲ တစ်ခေါက်လောက် ပြန်ခဲ့တော့ဟေ့
တယ်လီဖုန်းစောင့်ရင်း မင်းအသံမျှော်နေတုန်း ရောက်မယ့်နေ့တော့ပြောလိုက်ဦး
ဂစ်တာတီးပြီးတော့ ညည်းဆိုရေဒီယိုသီချင်း မင်းအကြိုက်တွေမမေ့နိုင်ဘူး
အိမ်ကိုပြန်ခဲ့တော့ ဟိုမှာမပျော်တဲ့ခဏ
အိမ်ကိုပြန်ခဲ့တော့ အတူတူပြန်ဆုံနိုင်အောင်ကြိုးစား
မမေ့နိုင်ဘူး မင်းအရိပ်များလည်း
အိမ်မှာအရင်လို ကျန်ရစ်ခဲ့
တွေဝေနေဦးမလား မင်းပြန်ခဲ့တော့
Verse 2
ဟိုမှာအပြောင်းအလဲတွေနဲ့ မင်းပျော်နေပြီလား အားလုံးနဲ့မင်းခွဲပြီးတော့
ဒီမှာမင်းရဲ့အကြောင်းတွေပြောကြရုံနဲ့ အမေ့ရဲ့လွမ်းမျက်ရည်များ
တို့ဝေးပြီးကတည်းက တွေ့ဖို့မလွယ် အခုတို့အိမ်လေးမှာတွေ့ကြမယ်
ငါတို့ရဲ့မိသားစုကမ္ဘာလေးထဲ မင်းရောက်အောင်ပြေးလို့ပြန်ခဲ့တော့
မင်းနဲ့တွေ့ချင်လို့ ㅤဟိုမှာမပျော်တဲ့ခဏ အိမ်ကိုပြန်ခဲ့တော့
အတူတူပြန်ဆုံနိင်အောင်ကြိုးစား မမေ့နိုင်ဘူး မင်းအရိပ်များလည်း
အိမ်မှာအရင်လိုကျန်ရစ်ခဲ့ ㅤတွေဝေနေဦးမလား မင်းပြန်ခဲ့တော့
Solo
မင်းနဲ့တွေ့ချင်လို့ ㅤဟိုမှာမပျော်တဲ့ခဏ အိမ်ကိုပြန်ခဲ့တော့
အတူတူပြန်ဆုံနိင်အောင်ကြိုးစား မမေ့နိုင်ဘူး မင်းအရိပ်များလည်း
တို့တွေနဲ့ရှိနေဆဲတွေဝေနေဦးမလား မင်းပြန်ခဲ့တော့
မင်းနဲ့တွေ့ချင်လို့ㅤမင်းပြန်ခဲ့တော့