
ရောင်နီ
အေးစက် တိတ်ဆိတ်လွန်းတဲ့ အမှောင်ညများ ဆုံးရင်
မည်းနက် ပိန်းပိတ်လွန်းတဲ့ အမှောင်ညများ ဆုံးရင်
တစ်ခုခုတော့ ရှိနေမယ် တို့ရှေ့မှာ
စိုးထိတ်မှုတို့ လွှမ်းတဲ့ အမှောင်ညများ ဆုံးရင်
ကြောက်ရွံ့မှုတို့ လွှမ်းတဲ့ အမှောင်ညများ ဆုံးရင်
တစ်ခုခုတော့ ရှိနေမယ် ငါတို့ရှေ့မှာ
အလင်းစက်များနဲ့ မိုးကောင်းကင်
တဖြည်းဖြည်း တောက်ပရင်းအလှဆင်
ဪ ဘဝတို့ လှဖို့အချိန်တန်ပြီ
တို့ဘဝတို့ လှဖို့အချိန်တန်ပြီ
ဆေးစက်သွားရာ လမ်းများထင်
အင်အားအသစ်များနဲ့ တို့အသင့်ပြင်
အရှေ့..ကို အရှေ့..ကို ဆက်ချီ တက်စို့
ဟေ့ .. ဟေ့ ရောင်နီတွေနဲ့ တို့အတူ
ဟေ့ .. ဟေ့ ရောင်နီတွေနဲ့ မနက်ဆီ
ဟေ့ .. ရေ့ ရောင်နီတွေနဲ့ တို့အတူ
အမှောင်တွေ အမှောင်တွေကုန်ဆုံးတဲ့ ကမ္ဘာဆီ
နွေးထွေးမှုတို့ရှိရာ အနာဂတ် လမ်းများစွာ
လွတ်လပ်မှုတို့ ရှိရာ အနာဂတ် လမ်းများစွာ
တစ်နေ့နေ့တော့ရောက်နိုင်တယ် ငါတို့ရှေ့မှာ
မျှော်လင့်ချက်တွေ ချိတ်ဆက်
အတူတူ လက်တွဲထားစမ်းပါ
ယုံကြည်ခြင်းများ အသက်ဆက် အရာရာရဲရင့်ပါ
နေ့သစ်တစ်ခု စောင့်နေတယ် ငါတို့ရှေ့မှာ
Speed1.0x
Key0