Original key: C
Intro
Verse 1
စစ်မှန်တဲ့တရား ခေါင်းမှာထည့်ပြီးတွေးပါ သူအမြဲပြောပါတယ်
မေတ္တာလေနဲ့ အသက်ကိုရှုပြီးသွားပါ သူအမြဲပြောပါတယ်
သစ္စာရေသောက် ဘဝတည်ဆောက်ပြီးလျှောက်ပါ သူအမြဲပြောပါတယ်
Verse 2
ခေါင်းမဖော်နိုင်တဲ့ စိတ်ဒဏ်ရာနဲ့ အတိတ်မှာမနေနဲ့ ပြောပါတယ်
မလဲပြိုနိုင်တဲ့ သိက္ခာတွေနဲ့ ရှေ့ကိုကြည့်စမ်း ပြောပါတယ်
သမိုင်းဆိုတာက တို့တွေအကုန်လုံး အမြဲသင်ယူဖို့ ပြောပါတယ်
Verse 3
တို့တွေ ရင်ထဲလင်းစေနိုင်မယ့် အပြုံးတွေ သူအမြဲပြုံးပြတယ်
တို့တွေ အိပ်မက်လှစေနိုင်မယ့် စကားတွေ သူအမြဲပြောပြတယ်
တို့တွေ အနာဂတ်မလွဲနိုင်အောင်လည်း အလုပ်တွေသူအမြဲ အမြဲတမ်းကြိုးစားပါတယ်
Verse 4
တို့တွေစိတ်ထား မမှားနိုင်အောင်လည်း အသိပညာနဲ့လမ်းပြတယ်
တို့တွေမမြင်တဲ့ တံခါးတွေကိုလည်း အတတ်ပညာနဲ့ဖွင့်ဟတယ်
တို့တွေမျှော်မှန်း ပန်းတိုင်ကိုလည်း မဝေးအောင် သူအမြဲ အမြဲတမ်းကြိုးစားပါတယ်
Verse 5
ရှေ့အန္တရာယ်များ ကြောက်ကာလန့်မသွား မြဲမြံစိတ်ထားရှားပါတယ်
မုန်တိုင်းထန်နေတဲ့ အမှားပင်လယ်ထဲ တက်ကိုမချဘူး ဆက်လှော်တယ်
အတုယူနိုင်ဖို့ လိုက်မမှီနိုင်တဲ့ နှလုံးသားလှလှရှိပါတယ်
Verse 6
အမှားကိုပြင်ဖို့ ခက်ထန်မာတဲ့ အားအင်တွေအပြည့်ရှိပါတယ်
လဲသူကိုကမ်း လက်တစ်စုံဟာလည်း မေတ္တာတွေနဲ့မွန်းမံခြယ်
တို့တွေရဲ့လမ်း မမှားအောင်ညွှန်မယ် ကမ္ဘာ့အလယ်က သံမဏိလိပ်ပြာလေးပါကွယ်
Verse 3
တို့တွေ ရင်ထဲလင်းစေနိုင်မယ့် အပြုံးတွေ သူအမြဲပြုံးပြတယ်
တို့တွေ အိပ်မက်လှစေနိုင်မယ့် စကားတွေ သူအမြဲပြောပြတယ်
တို့တွေ အနာဂတ်မလွဲနိုင်အောင်လည်း အလုပ်တွေသူအမြဲ အမြဲတမ်းကြိုးစားပါတယ်
ဒါဟာအမှန်တရား ဒါတွေဟာအမှန်တရား ရေး
Bridge
မင်းမွေးတဲ့အမျိုးမလိုဘူးလေ မင်းရိုးသားဖို့လိုတယ်
မင်းကိုင်းရှိုင်းတဲ့ ဘုရားမဆိုင်ဘူးလေ မင်းရိုးသားဖို့လိုတယ်
မင်းရတဲ့ဘွဲ့မလိုဘူး မင်းရိုးသားဖို့လိုတယ်
မင်းရဲ့အသိုင်းအဝိုင်းမဆိုင်ဘူး မင်းရိုးသားဖို့လိုတယ်