Original key: D
VERSE
နင်ဖြစ်ချင်တဲ့စိတ်ကူးများစွာငါ
တတ်နိုင်သမျှ အကုန်ပေးဆပ်ချင်တာ
သို့ပေမယ့်လိုအပ်ချက်တွေနဲ့ငါ
နင်တောင့်တတဲ့အိပ်မက်များစွာကို
ငါ့ဘဝထက်ဦးစားပေးချင်တာ
ဒါပေမယ့် စိတ်ကူးသက်သက်တွေနဲ့ငါ
VERSE
နင်ဖြစ်ချင်တဲ့အိပ်မက်များစွာကို
ငါ့ဘဝထက် ဦးစားပေးချင်တာ
ဒါပေမယ့် လိုအပ်ချက် ကမ္ဘာထဲမှာ
ငါလှောင်ပိတ်မိနေတာ
PRECHORUS
ငါ့အတွက်မင်းမရှိလို့ ဖြစ်မှမဖြစ်နိုင်ဘဲ
ဒါဆိုမင်းအတွက်ငါရှိဖို့
ပြဿနာ နဲနဲရှိနိုင်တယ်
CHORUS
နင်ဖြစ်ချင်တဲ့စိတ်ကူးများစွာငါ
နင်တောင့်တတဲ့အိပ်မက်များစွာငါ
တတ်နိုင်သမျှ အကုန်ပေးဆပ်ချင်ခဲ့တာ
နင်အရာရာလိုချင်သမျှ
နင်ဖြစ်ချင်တဲ့စိတ်ကူးများစွာငါ
နင်တောင့်တတဲ့အိပ်မက်များစွာငါ
တတ်နိုင်သမျှ အကုန်ပေးဆပ်ချင်ခဲ့တာ
နင်စိတ်ကူးမိလိုက်တိုင်း
အရာရာအကုန်ပေးဆပ်ချင်တာ
VERSE
အရိုးသားဆုံးပါ ငါပြောမယ် နားထောင်ပါ
အတတ်နိုင်ဆုံး နင်မျက်နှာပြုံးထားပါ
မြင့်မြတ်သောချစ်ခြင်းတွေပေးမယ်
တကမ္ဘာလုံးနဲ့ယှဉ်ပြီး ငါလောင်းရဲတယ်
VERSE
အရိုးသားဆုံးပြောတာ မင်းသေချာနားထောင်ပါ
ဖြစ်နိုင်ရင် နင်မျက်နှာပြုံးထားစမ်းပါ
နူးညံ့သောချစ်ခြင်းတွေပေးမယ်
တကမ္ဘာလုံးနဲ့ယှဉ်ပြီး ငါလောင်းရဲတယ်
PRECHORUS
ငါ့အတွက်မင်းမရှိလို့ ဖြစ်မှမဖြစ်နိုင်ဘဲ
ဒါဆိုမင်းအတွက်ငါရှိဖို့
ပြဿနာ နဲနဲရှိနိုင်တယ်
CHORUS
နင်ဖြစ်ချင်တဲ့စိတ်ကူးများစွာငါ
နင်တောင့်တတဲ့အိပ်မက်များစွာငါ
တတ်နိုင်သမျှ အကုန်ပေးဆပ်ချင်ခဲ့တာ
နင်အရာရာလိုချင်သမျှ
နင်တောင့်တတဲ့ အိပ်မက်များစွာငါ
နင်ဖြစ်ချင်တဲ့ စိတ်ကူးများစွာငါ
တတ်နိုင်သမျှ အကုန်ပေးဆပ်ချင်ခဲ့တာ
နင်စိတ်ကူးမိလိုက်တိုင်း
အရာရာအကုန်ပေးဆပ်ချင်တာ
ENDING
နင်ဖြစ်ချင်တဲ့စိတ်ကူးများစွာငါ
နင်တောင့်တတဲ့အိပ်မက်များစွာငါ
တတ်နိုင်သမျှ အကုန်ပေးဆပ်ချင်ခဲ့တာ
နင်စိတ်ကူးမိလိုက်တိုင်း
အရာရာအကုန်ပေးဆပ်ချင်တာ