Original key: D
Intro
Verse 1
မှောင်ပြီဆို လူတွေကိုမြင်ရုံနဲ့
ငါ့အတွင်းစိတ်က ကြောက်လန့်လို့
ဒါဟာ နင်မရှိတဲ့နောက် ငါ့အဖြစ်ပါ
Verse 2
တစ်နေရာမှာ နင်လွယ်ကူစွာ ပျော်နေမလား
ငါအမြဲတမ်းပဲ စိုးထိတ်လို့ နင်ထားခဲ့တဲ့နောက် ငါ့ကမ္ဘာ
အပြောင်းအလဲတချို့တွေကြား နင်အသားကျလို့နေလား
အိပ်မက်ဆိုးများမက်ကာ ငါလန့်နိုးသွားလို့ပါ
နင်ပြန်ခဲ့လိုက်ပါ ငါတစ်ယောက်တည်းဘဝမှာ
ယောင်ယမ်းပြီး ညည လန့်လန့်နိုး
သေချာစဉ်းစားပါ ငါတစ်ယောက်တည်းဘဝမှာ
အို ဘာလုပ်လုပ် မင်းပါနေရာတကာ
နင်ပြန်ခဲ့လိုက်ပါ ငါတစ်ယောက်တည်းဘဝမှာ
ယောင်ယမ်းပြီး ညည လန့်လန့်နိုး
သေချာစဉ်းစားပါ ငါတစ်ယောက်တည်းဘဝမှာ
အို ဘာလုပ်လုပ် မင်းပါ နေရာတကာ နင် ပြန်ခဲ့လိုက်ပါ
Music
Verse 3
နင်စေရာ ဘယ်အခါမဆို အလွယ်တကူနဲ့
ငါမင်းအတွက်အသင့်ဖြစ်လို့ ဒါဟိုအတိတ်က တို့ဘဝပါ
ဘယ်အချိန်မှာ ငါမျှော်နေသလိုပြန်လာမလဲ
စိတ်ကူးများထဲမွန်းကြပ်လို့ မေးခွန်းများကြား ရူးမတတ်ပါ
အပြောင်းအလဲတချို့တွေကြား နင်အသားကျလို့နေလား
အိပ်မက်ဆိုးများမက်ကာ ငါလန့်နိုးသွားလို့ပါ
နင်ပြန်ခဲ့လိုက်ပါ ငါတစ်ယောက်တည်းဘဝမှာ
ယောင်ယမ်းပြီး ညည လန့်လန့်နိုး
သေချာစဉ်းစားပါ ငါတစ်ယောက်တည်းဘဝမှာ
အို ဘာလုပ်လုပ် မင်းပါနေရာတကာ
နင်ပြန်ခဲ့လိုက်ပါ ငါတစ်ယောက်တည်းဘဝမှာ
ယောင်ယမ်းပြီး ညည လန့်လန့်နိုး
သေချာစဉ်းစားပါ ငါတစ်ယောက်တည်းဘဝမှာ
အို ဘာလုပ်လုပ် မင်းပါနေရာတကာ နင် ပြန်ခဲ့လိုက်ပါ
Ending