Original key: D
Intro
Verse 1
ငါသိထားတဲ့ အချစ်က မင်းလိုမျိုးမဟုတ်ခဲ့
စိတ်ကူးတွေနဲ့ တိုက်ကြည့်တော့ အကုန်အမှားကြီးမှား
ငါဖြတ်သန်းတဲ့ ဘဝက မင်းနဲ့ခြားနားလွန်း
အရင်ဟိုးအဝေး အတိတ်ကို ဆေးအသစ်ပြင်ရေးမရတော့
တိမ်တွေ ဟိုဒီလျှောက်ပြေးသွားသလိုပါ
လေထုထဲမှာ ပျောက်ကွယ်လို့သွားသလိုပါ
ဟေး ငါ့ကိုမင်းမငြိတွယ်နဲ့တော့ ဟေး
ဝင်လာမယ်ဆို ငါတံခါးဖွင့်ရုံပါ
ပြန်ချင်တယ်ဆို အချိန်မရွေးအဝေးကို ပြန်ချင်ပြန်ပါ
ဟေး အချစ်ကိုမင်းမကိုးကွယ်နဲ့တော့ဟေး
အကြင်နာဆိုတာ ကြုံတုန်းအရိပ်ခိုစရာ
အတူဆုံချိန်မှာ စိတ်ထဲနစ်ပြီးပျော်ပစ်လိုက် ငါ့ရင်မှာ
Music
Verse 2
ရင်ခုန်တုန်းခဏပါ နောက်ဆို တဖြည်းဖြည်းသွေးအေးသွားမှာ
ဒါဒီလိုပဲ အခုထိတော့ လှုပ်ခတ်နေတုန်းပဲပေါ့
အိပ်မက်လေးပဲ အလင်းရောင်ထိုးတော့ လန့်နိုးလို့သွားမှာပါ
ဒါပါပဲ သိနှင့်နေပြီးသား ဇာတ်လမ်းတစ်ပုဒ်ပေါ့
ဟေး ငါ့ကိုမင်းမငြိတွယ်နဲ့တော့ ဟေး
ဝင်လာမယ်ဆို ငါတံခါးဖွင့်ရုံပါ
ပြန်ချင်တယ်ဆို အချိန်မရွေးအဝေးကို ပြန်ချင်ပြန်ပါ
ဟေး အချစ်ကိုမင်းမကိုးကွယ်နဲ့တော့ဟေး
အကြင်နာဆိုတာ ကြုံတုန်းအရိပ်ခိုစရာ
အတူဆုံချိန်မှာ စိတ်ထဲနစ်ပြီးပျော်ပစ်လိုက် ငါ့ရင်မှာ
Solo
ငါယုံကြည်တဲ့အချစ်ဆိုတာ
တိမ်တွေဟိုဒီလျှောက်ပြေးသွားသလိုပါ