Original key: D
Intro
Verse 1
မိုင်တွေထောင်သောင်း
မျက်စိတစ်ဆုံး ကျယ်ဝန်းတဲ့
ကမ္ဘာကြီးထဲမှာ ငါဟာအပ်ပေါက်ရာလောက်
အတွေးက သေးသိမ်သူပါ
Verse 2
လူတွေ အမှန်တစ်ခု အမှားတစ်သန်းနဲ့
ဘဝအမောတွေ ဖြေတဲ့ အခိုက်မှာ
ငါ့ရဲ့နားပါးစပ်တွေက ဂွမ်းပိတ်မိနေတာပါ
Music
Chorus
ငါဟာ အားလုံးရဲ့နောက်မှာပါ ငါဟာ နှိပ်မရတဲ့ ခလုတ်တစ်ခုပါ
ငါဟာ အိတ်ကပ်မရှိတဲ့ သုညလေးတစ်လုံးပါ
ငါဟာ အားလုံးရဲ့နောက်မှာပါ ငါဟာ သုံးမရတဲ့ အနှုတ်တစ်ခုပါ
ငါဟာ အိတ်ကပ်မရှိတဲ့ သုညလေးတစ်လုံးပါ
Music
Verse 3
လာမယှဉ်ပါနဲ့ တွေ့တွေ့သမျှ လူတိုင်းကို
ငါအကုန်လုံးရှုံးပါတယ် ဘုရားတရားမနိုင်တဲ့
မှိုင်းရှိုက်မိနေသူပါ နေရောင်ခြည်မြင်ဖို့
ညနက်တစ်ခု ဖြတ်သန်းမယ် ဆိုရိုးရှိပါတယ်
ငါဟာ ညတစ်ခုမြင်ဖို့ နေ့ခင်းဘက် အိပ်နေသူပါ

Ending