ယုံပါ
Intro
Verse 1
ဒီမျက်နှာလေးပေါ်လည်း
ဘာမှမဖြည့်နဲ့
ရင်မှာ လှပြီးသားပါပဲ
ဘာမှမဟောင်းနွမ်းသေးဘူး
ယနေ့ထက်ထိတော့
ဟိုးအရင်လိုပဲကွယ်
အသစ်ဖြစ်နေဆဲပဲ
Verse 2
အချိန်များစွာပြောင်းကာ
နှစ်တွေ ဟောင်းခဲ့တဲ့
ရာသီစက်ဝိုင်းများစွာထဲ
မြင်နိုင်တယ်အရေးအကြောင်းလေးများက
ဝိုးတ၀ါးတဖြေးဖြေးနဲ့
ထင်လာပေမဲ့လည်း
မင်းပါးပြင်လေးနူးညံ့ဆဲ…
အို မွှေးပျံ့ဆဲပဲ
Chorus
ယုံပါညှို့အားများကလည်း
ရင်ထဲခမ်းနားနေတုန်းပဲ
မျက်ဝန်းများတောက်ပဆဲ
ယုံပါနှုတ်ခမ်းများကလည်း
ရင်ထဲ ချိုမြနေတုန်းပဲ
အထိအတွေ့တို့ နွေးထွေးဆဲ
ဘာမှမဟောင်းနွမ်းဘူး ကွယ်
မပြောင်းလဲဘူး အရင်တိုင်းပဲ
ဘာမှမဟောင်းနွမ်းဘူး
အိုမပြောင်းလဲဘူး ယုံကွယ်
Solo
Verse 3
အိုလောကဓံတရားရဲ့ ကြားမှာ
စိတ်မညစ်နဲ့
ရင်မှာ တစ်သက်လုံး ချစ်နေမယ်
ယုံပါကိုယ့်ဘဝ အတွက်တော့
ဘာမှအရေးမကြီးဘူးကွယ်
အပေါ်ယံ အလှများလည်း
အရေးမကြီးပါဘူးကွယ်
Verse 4
နောက်ဆုံး အိုမင်းချိန်ထိအောင်
စိတ်ချကွယ်
မြင်မယ်ချစ်သောစိတ်တွေထဲ
ထာဝစဉ်ဆွဲအားများနဲ့နုပျိုနေမှာပဲ
ခံစားချက်များ အကောင်းအတိုင်းပဲ
ကိုယ့်ရဲ့ရင်ထဲမှာ
အမြဲ လတ်ဆတ်နေလိမ့်မယ်
Chorus
ယုံပါညှို့အားများကလည်း
ရင်ထဲခမ်းနားနေတုန်းပဲ
မျက်ဝန်းများတောက်ပဆဲ
ယုံပါနှုတ်ခမ်းများကလည်း
ရင်ထဲ ချိုမြနေတုန်းပဲ
အထိအတွေ့တို့ နွေးထွေးဆဲ
ဘာမှမဟောင်းနွမ်းဘူး ကွယ်
မပြောင်းလဲဘူး အရင်တိုင်းပဲ
ဘာမှမဟောင်းနွမ်းဘူး
အိုမပြောင်းလဲဘူး ယုံကွယ်
Speed1.0x
Key0