Original key: F
Intro
Verse 1
မကျေနပ်တာ ကြုံတဲ့အခါ ပြန်ပြောရင် ရိုင်းတယ်ပြောမယ်
မြင်မကောင်းတာ ရင်နင့်စရာ စုံလုံးသာ ကန်းချင်တော့တယ်
ဒီပုတ်နဲ့ပဲနဲ့ အဟုတ်ကြီးကို လက်ခုပ်တီးတယ်
ဒီအရပ်နဲ့ ဒီဇာတ်နဲ့ မနေတတ်တော့ အဆဲခံရမယ်
ဝိုး ကိုးယိုးကားယား ဝိုး
Verse 2
ပန်းထိမ်မတတ်ခင် ရွှေခိုးသင်
အရွယ်မရောက်ခင်က အစွယ်ပေါက်ချင်
ဟိုအပြစ်တင် ဒီအပြစ်တင် ကမ္ဘာနဲ့ ချီပြီးတော့ ပြောရင်
ဟိုတစ်အုပ်မှာ ဒီတစ်အုပ်မှာ မျက်နှာဖုံးတွေနဲ့ စာမျက်နှာ
ဟိုမှာလည်းပါ ဒီမှာလည်းပါ စကားလုံးက မဲပြာပုဆိုးများ
ပါးစပ်ပိတ် ခေါင်းညိတ် ကြိတ်မှိတ် ငါနားလည်ပေးမယ်
ဖြည်း ဖြည်း ဖြည်းဖြည်းပြော နားနားပြီး ပြော မောမယ်
တိုး တိုး တိုးတိုးလေးပြော အားလုံးလည်း ကြားပါတယ်

Solo

နားနားပြီး ပြော မောမယ် အားလုံးလည်း ကြားပါတယ်

Ending