Original key: G
Intro
Verse 1
အမှတ်မထင်ပဲ ဒီ မြို့ငယ်လေးမှာဆုံတယ်
မင်းကိုပဲ တစ်သက်စာဆုတောင်းမိတယ်
ဘယ်တော့ပြန်တွေ့မယ်
မသိနိုင်လည်း စိတ်ထဲမှာတော့ ယုံကြည်ဆဲ
တစ်နေ့မှာတော့ ငါတို့တွေ ဆုံစည်းရမယ်
နင်မမေ့လိုက်နဲ့
Bridge Pre-Chorus
နေဝင်ရင် ငါတို့ခွဲရမယ်
အိမ်ပြန်ချိန် ခဏလေး
နှုတ်ဆက်ချိန်ရောက်လည်း
တို့နှစ်ယောက်အတွက်အမှတ်တရအဖြစ်နဲ့
ငါ့ရဲ့ အသည်းတစ်ခြမ်း မင်းဆီချန်ပြီး
တစ်နေ့နေ့ မင်းလေးရှိရာမြို့လေး
မင်းရဲ့အချစ်များနဲ့ ရှင်နေဦးမှာ
Solo
Verse 2
ညနေဘက်ဆိုငှက်ငယ်လေးတွေကြည့်ရင်း
မင်းဆီအရောက် ပျံဝဲလာချင်တဲ့ စိတ်တွေ
ငါထိန်းမရခဲ့
အိပ်မက်ထဲငါမင်းဆီအမြဲပြန်လာတယ်
မြို့ငယ်လေးမှာ တို့တွေဆုံတွေ့ကြသတဲ့
တကယ်တော့ဝေးဆဲ
Bridge Pre-Chorus
နေဝင်ရင် ငါတို့ခွဲရမယ်
အိမ်ပြန်ချိန် ခဏလေး
နှုတ်ဆက်ချိန်ရောက်လည်း
တို့နှစ်ယောက်အတွက် အမှတ်တရအဖြစ်နဲ့
ငါ့ရဲ့ အသည်းတစ်ခြမ်း မင်းဆီချန်ပြီး
တစ်နေ့နေ့ မင်းလေးရှိရာမြို့လေး
မင်းရဲ့အချစ်များနဲ့ ရှင်နေဦးမှာ
Bridge
ရှင်သန်နေမယ်
တို့နှစ်ဦးအချစ်တို့ ရှိရာမြို့လေးထဲ
ငါလည်းတစ်နေ့တော့ အရောက်ပြန်လာမယ်
မင်းအတွက်
ငါ့ရဲ့ အသည်းတစ်ခြမ်း မင်းဆီချန်ပြီး
ဒီမြို့လေးရဲ့အဝေး ငါ ပြန်သွားတဲ့အခါ
တစ်နေ့နေ့ မင်းလေးရှိရာမြို့လေး
မင်းရဲ့အချစ်များနဲ့ ရှင်နေဦးမှာ
Outro