Original key: F
Intro
Verse 1
နေရောင်ခြည်တွေရဲ့ အလင်းတန်းအောက်မှာနေ
အလင်းမတွေ့ရှိသေးတဲ့ နှလုံးသားများ မောပန်းနွမ်းနယ်နေ
မိုင်ချီတဲ့ လမ်းများထက်မှာနေ လမ်းလျှောက်ရင်း
လမ်းပျောက်သွားကြတဲ့ နှလုံးသားများ အသင်္ချေ
အမှောင်မှာ လျှောက်လှမ်းခဲ့သူ လမ်းပြမယ့်သူ မရှိဘူး
ဒီအချိန်မှာ မင်းအချစ်နဲ့ အကြင်နာလက်တွဲခေါ်ယူ
လမင်းနဲ့ကြယ်စင်များ ကြွေသွားသည့်တိုင်
ရောင်စဉ်တွေဖြာလင်း မင်းအချစ်
လမင်းနဲ့ကြယ်စင်များ ကြွေသွားသည့်တိုင်
မင်းရှိရင် မမှောင်တော့ဘူး
လမင်းရဲ့အလင်းရောင်များ ကြွေသွားသည့်တိုင်
Music
Verse 2
ဘယ်နှစ်ကြိမ်တိုင်စေ နမ်းခွင့်ရှိချင်တယ်
အမြဲတမ်း ဆန်းသစ်တဲ့ မင်းပါးလေး အစောဆုံးနမ်းလိုလေ
ကိုယ့်အသက်ရှင်ချိန်တိုင်းမှာ မင်းတစ်ယောက်တည်း
ကိုယ့်ရင်ခွင်ကမ္ဘာထဲ သိမ်းပိုက်နိုင်တဲ့ ဒဏ္ဍာရီနတ်သမီးပဲ
လမင်းနဲ့ကြယ်စင်များ ကြွေသွားသည့်တိုင်
ရောင်စဉ်တွေဖြာလင်း မင်းအချစ်
လမင်းနဲ့ကြယ်စင်များ ကြွေသွားသည့်တိုင်
မင်းမရှိရင် မမှောင်တော့ဘူး
လမင်းရဲ့အလင်းရောင်များ ကြွေသွားသည့်တိုင်
Solo
လမင်းနဲ့ ကြယ်စင်များ ကြွေသွားသည့်တိုင်
ရောင်စဉ်တွေဖြာလင်း မင်းအချစ်ရေး
လမင်းနဲ့ကြယ်များ ကြွေချိန်ရောက်လည်း
အကြင်နာ ရောင်စဉ်များလင်း
လမင်း ကြယ်အလင်းများ ကြွေသွားသည့်တိုင် D]
ကြယ်တွေကြွေသွားသည့်တိုင်
Ending