Original key: G
Intro
Verse 1
ဟိုးအဝေးကနှင်းတွေကျဆင်းဆဲ
ဒီအချိန်တွေဆိုရင် သူရောက်လာ
မေ့မရတဲ့ အတိတ်ရဲ့ ရနံ့များနဲ့
သူဟာ ပြန်လာမြဲပဲ
အို ဒီဇင်ဘာကိုယ့်ရင်ခွင်မှာ
အချစ်ရယ် နှင်းတွေတဖွဲဖွဲကျ သိပ်သတိရ
မင်းဘယ်ဆီမှာ မင်းပြန်လာပါ
အချစ်ရယ် အလွမ်းတွေ တဖွဲဖွဲကျ သိပ်သတိရ
Music
Verse 2
ဟိုးအဝေးက နှင်းတွေအရင်အတိုင်းပဲ
ငါ့အတွေးထဲရိုက်ခတ်ဆဲ
မင်းနှုတ်ခမ်းက အနမ်းတွေပွင့်ဖူးတဲ့
ဆောင်းမနက်တို့ ရောက်ရှိပြီ
အို ဒီဇင်ဘာ ကိုယ့်ရင်ခွင်မှာ
အချစ်ရယ် နှင်းတွေ တဖွဲဖွဲကျ သိပ်သတိရ
မင်းဘယ်ဆီမှာ မင်းပြန်လာပါ
အခုတော့ အလွမ်းတွေ တဖွဲဖွဲကျ သိပ်သတိရ
အို ဒီဇင်ဘာ ကိုယ့်ရင်ခွင်မှာ
အချစ်ရယ် နှင်းတွေ တဖွဲဖွဲကျ သိပ်သတိရ
မင်းဘယ်ဆီမှာ မင်းပြန်လာပါ
အခုတော့ အလွမ်းတွေ တဖွဲဖွဲကျ သိပ်သတိရ
Music
Bridge
ဒီဇင်ဘာမှာ ဟိုတချိန်က မိန်းကလေးရယ်
တို့အနမ်းများစွာ အပြာရောင်နှင်းများကြား
တမ်းတမိတယ် ဟိုတစ်ချိန်က ဆောင်းညတွေ
အတိတ်နှင်းများဟာ တစ္ဆေလိုခြောက်လှန့်လို့
အိုး ဒီဇင်ဘာ ကိုယ့်ရင်ခွင်မှာ
အချစ်ရယ် နှင်းတွေတဖွဲဖွဲကျ သိပ်သတိရ
မင်းဘယ်ဆီမှာမင်းပြန်လာပါ
အခုတော့ အလွမ်းတွေတဖွဲဖွဲကျ သိပ်သတိရ
Bridge
ဒီဇင်ဘာမှာ ဟိုတချိန်က မိန်းကလေးရယ်
တို့အနမ်းများစွာ အပြာရောင်နှင်းများကြား
တမ်းတမိတယ် ဟိုတစ်ချိန်က ဆောင်းညတွေ
အတိတ်နှင်းများဟာ တစ္ဆေလိုခြောက်လှန့်လို့
Ending