Original key: D
Intro
Verse
လေနှင်ရာ ခရီးပဲ မင်းပျံသန်း
အမှောင်တွေထဲထိ ဇွတ်ဝင်မလား
လေဟုန်စီးရင်း ဝေးနေဆဲㅤ
ကြွေလွင့်သွားမယ့် နေ့တွေလည်:
ဒဏ်ရာများနဲ့ ဖြတ်ကျော်ဆဲ
ပြန်လာခဲ့ဖို့ သင့်ပြီမို့
အေးရိပ်တစ်ခုမှာ ခိုနားခွင့် ရခဲ့ချင်လည်း
အေးမြအရိပ် ဘယ်မှာရှိမလဲ
တကယ်ဆို မင်းအနီးအနား ရှိပြီးသားပါပဲ
ခိုဝင်ကာ မှေးစက်တော့ သခင့်အေးရိပ်လေးထဲ ဝိုး
ဝေးလွင့်ငှက်ငယ် အတောင်ညောင်းလည်း မင်းဆက်ပျံဆဲ
မိုးချုပ်လုပြီ အချိန်လေးမနှောင်းခင် လှည့်ပြန်ခဲ့
ဟူး ဟူး ဟူး ဟူး ဟူး ဟူး ဟူး
Solo
Verse
လေနှင်ရာ ခရီးပဲ မင်းပျံသန်း အမှောင်တွေထဲထိ ဇွတ်ဝင်မလား
လေဟုန်စီးရင်း ဝေးနေဆဲㅤ
ကြွေလွင့်သွားမယ့် နေ့တွေလည်:
ဒဏ်ရာများနဲ့ ဖြတ်ကျော်ဆဲ ပြန်လာခဲ့ဖို့ သင့်ပြီမို့ㅤㅤ
အေးရိပ်တစ်ခုမှာ ခိုနားခွင့် ရခဲ့ချင်လည်း အေးမြအရိပ် ဘယ်မှာရှိမလဲ