Original key: E
Intro
Verse 1
ပြတ်သားကြရမယ့်အဖြစ်တွေ ဒါအိပ်မက်လား
ဝေးလွင့်ခြင်းရဲ့မြှားတွေ ရင်ကိုခွင်းထား
လှပခဲ့တဲ့ အတိတ်ဟာ ကြေကွဲခြင်းရဲ့ကောင်းကင်မှာ
လွင့်ထွက် ကွဲအက် ပဲ့ကြွေ ကြယ်တံခွန်တစ်ခုလား
Verse 2
အတားအဆီးမဲ့တဲ့အရှုံးတွေ ရင်မှာဒဏ်ရာစူး
ပြေးထွက်ရုန်းလို့မရနိုင် နွယ်ပင်တွေရဲ့ဆူး
ငါ အဆိပ်တက် အိပ်မက်ဆိုးများ ငါလေ အဝေးဆုံး ပြေးရမလား
ငါတမ်းတရင်းနဲ့ ပွေ့ဖက် ဒါအချစ်ရဲ့အတ္တများ
ငါလေ မင်းတစ်ယောက်တည်းအတွက် အသက်ရှင် အစွန်းရောက်အချစ်နဲ့
အချစ်ရဲ့အတ္တ ငါ့အတွက် အပြစ်တစ်ခုဖန်ဆင်း
ငြိမ်းလို့ မရတဲ့မီးကို ဘယ်လိုတားဆီးလို့မနိုင်
လောင်ကျွမ်းသွားလိုက်စမ်း တို့အတွက် အပြစ်တစ်ခု ဖန်ဆင်း ဝိုး ဝိုး ဝိုး
Verse 3
ခါးသီးလှတဲ့ အမုန်းဒဏ် ငါခံနိုင်မလား
အေးစက်သွားမယ့်ဘဝတွေ အတူတူ ခံစားမလား
ဝေးသွားရမယ့်အတူ ဒါမိုက်မဲခြင်းတဲ့လား
တို့အတွက် ရွေးခွင့်ရှိတယ် ဟိုး အဝေး အဝေးဆုံး
အဆိပ်တက် အိပ်မက်ဆိုးများ ငါလေအဝေးဆုံး ပြေးရမလား
ငါ တမ်းတရင်းနဲ့ပွေ့ဖက် ဒါအချစ်ရဲ့အတ္တများ
ငါလေ မင်းတစ်ယောက်တည်းအတွက် အသက်ရှင် အစွန်းရောက်အချစ်နဲ့
အချစ်ရဲ့အတ္တ ငါ့အတွက် အပြစ်တစ်ခုဖန်ဆင်း
ငြိမ်းလို့ မရတဲ့မီးကို ဘယ်လိုတားဆီးလို့မနိုင်
လောင်ကျွမ်းသွားလိုက်စမ်း တို့အတွက် အပြစ်တစ်ခု ဖန်ဆင်း ဝိုး ဝိုး ဝိုး
Solo
Verse 3
ဟေး ဘေဘီ သိပ်ချစ်ရင် ဒီလိုအချိန်လေး
တို့အတွက် မင်းအတွက်ရှိတယ်
ဖန်ဆင်းလိုက်ကြစို့ ငြိမ်းရခက်တဲ့မီးကို ငါလေတားဆီးလို့မရ
လောင်ကျွမ်းလိုက်ကြစို့ ဒါဟာ အပြစ်တစ်ခုလားဟေ့
Music
အိုး မင်းလေးရဲ့အတွက်နဲ့ ငါရဲ့အစွန်းရောက်အချစ်နဲ့
အပြစ်တစ်ခုဖန်ဆင်းမယ်ယုံ ဝိုး ဟိုး ဟိုး ㅤ ㅤ ㅤ ㅤ
အိုး တို့အပြစ်တွေ အပြစ်တစ်ခု ဖန်ဆင်း
Ending