Original key: F
Intro
Verse 1
အိမ်ကို မင်းလွမ်းနေသားနဲ့ ပေတေပြီး ခုလောက်ထိတော့ မင်းမခွဲစဖူး
ဟိုအရင်တုန်းက တို့အိမ်လေးထဲ တစ်ခေါက်လောက် ပြန်ခဲ့တော့ဟေ့
တယ်လီဖုန်းစောင့်ရင်း မင်းအသံမျှော်နေတုန်း ရောက်မယ့်နေ့တော့ ပြောလိုက်ဦး
ဂစ်တာတီးပြီးတော့ ညည်းဆိုရေဒီယိုသီချင်း မင်းအကြိုက်တွေမမေ့နိုင်ဘူး
အိမ်ကိုပြန်ခဲ့တော့ ဟိုမှာမပျော်တဲ့ခဏ
အိမ်ကိုပြန်ခဲ့တော့ အတူတူပြန်ဆုံနိုင်အောင်ကြိုးစား
မမေ့နိုင်ဘူး မင်းအရိပ်များလည်း အိမ်မှာအရင်လို ကျန်ရစ်ခဲ့
တွေဝေနေဦးမလား မင်းပြန်ခဲ့တော့
Verse 2
ဟိုမှာ အပြောင်းအလဲတွေနဲ့ မင်းပျော်နေပြီလား အားလုံးနဲ့မင်းခွဲပြီးတော့
ဒီမှာမင်းရဲ့အကြောင်းတွေ ပြောကြရုံနဲ့ အမေ့ရဲ့လွမ်းမျက်ရည်များ
တို့ဝေးပြီးကတည်းက တွေ့ဖို့မလွယ် အခုတို့အိမ်လေးမှာတွေ့ကြမယ်
ငါတို့ရဲ့မိသားစုကမ္ဘာလေးထဲ မင်းရောက်အောင်ပြေးလို့ပြန်ခဲ့တော့
မင်းနဲ့တွေ့ချင်လို့ (တွေ့ချင်လို့) ဟိုမှာမပျော်တဲ့ခဏ
အိမ်ကိုပြန်ခဲ့တော့ (ပြန်လာတော့) အတူတူပြန်ဆုံနိင်အောင်ကြိုးစား
မမေ့နိုင်ဘူး မင်းအရိပ်များလည်း အိမ်မှာ အရင်လိုကျန်ရစ်ခဲ့
တွေဝေနေဦးမလား မင်းအိမ်ပြန်ခဲ့တော့
Solo
မင်းနဲ့တွေ့ချင်လို့ (တွေ့ချင်လို့) ဟိုမှာမပျော်တဲ့ခဏ
အိမ်ကိုပြန်ခဲ့တော့ (ပြန်လာတော့) အတူတူပြန်ဆုံနိင်အောင်ကြိုးစား
မမေ့နိုင်ဘူး မင်းအရိပ်များလည်း တို့တွေနဲ့ရှိနေဆဲ
တွေဝေနေဦးမလား မင်းအိမ်ပြန်ခဲ့တော့
မင်းနဲ့တွေ့ချင်လို့ မင်းအိမ်ပြန်ခဲ့တော့...