Original key: C
Intro
အိပ်ယာထလည်းနောက်ကျ
Verse 1
တစ်မိနစ်နောက်ကျသွားပြီ
ကားကြီးထွက်လို့သွားပြီ
လက်ကလေးပြလို့နှုတ်ဆက်
အနမ်းများလေထဲလွှင့်လို့ထားခဲ့
Verse 2
မင်းလေးမရှိတဲ့လမ်းဆီ
လျှောက်လို့မတတ်တဲ့ခြေထောက်တွေ
တကယ်အသုံးမကျတဲ့ကိုယ်လေ
ဘယ်နားရောက်ရောက်လွဲနေတယ်
Pre-Chorus
အချစ်လာပြီးတည့်လှည့်ပါကိုယ့်ကို
ဆယ်မိနစ်မြန်ထားတဲ့ကိုယ်နာရီလည်း
တကယ်တမ်းသုံးလို့မရဘူးကွယ်
နောက်ကျတတ်တဲ့အကြောင်းကို
အိုးသီချင်းတစ်ပုဒ်လုပ်ဆိုဖူးတာ
ပိုပြီး...နောက်ကျလို့ရယ်
ဒီတခေါက်အဝေးကြီးသွားမှာ
ကြိုသိလို့ဂရုစိုက်မိကာမှပဲ
ပိုနောက်ကျသွားတယ် အချစ်ကလေး
တစ်မိနစ်တစ်မိနစ်ဆိုရုံလေး
Music
Pre-Chorus
အချစ်လာပြီးတည့်လှည့်ပါကိုယ့်ကို
ဆယ်မိနစ်မြန်ထားတဲ့ကိုယ်နာရီလည်း
တကယ်တမ်းသုံးလို့မရဘူးကွယ်
အိုးမင်းချိန်းတဲ့အချိန်နောက်ကျလို့
ဒါနောက်ဆုံးတောင်းပန်ခြင်းပါ
အပြန်ခရီးရောက်တဲ့ထိတိုင်
အရင်ဆုံးကိုယ်ရောက်နှင့်ဖို့ကွယ်
ဒီလမ်းမကြီးရဲ့ဘေးမှာစောင့်နေ
ဘယ်တော့မင်းပြန်လာမလဲလေ
ဘယ်တော့မင်းပြန်လာမလဲလေ