
အလကားပဲ
Intro
Verse 1
ဝမ်းသာပါတယ် တခြားသူတွေနဲ့ နင်ပျော်တာ
တွေ့တော့ ငါ့ရင်ကွဲလည်း ရပါတယ်
ကိုယ်ချင်းစာပါတယ် ကိုယ်ချစ်ရသူနဲ့ ယှဉ်လာရင်
အဝေးက ငါ့ကိုမောင်းထုတ်လိုက်ရုံပဲ
တစ်ခုတော့ ပြောချင်တယ် ချစ်ခဲ့မိပါတယ်
ကိုယ်လိုတာရနိုင်ဖို့ သူများရင်ကို မခွဲနဲ့
Chorus
အလကားပဲ မင်းချစ်တယ် ပြောနေလည်း အစကတည်းက သိသင့်တယ်
မုန်းလို့ မရ အောင် အမှတ်တရတချို့ကို မင်းပေးသွားခဲ့တယ်
အလကားပဲ သတိရတယ် ပြောနေလည်း အစကတည်းက သိသင့်တယ်
ရူးရူးမူးမူး ချစ်ခဲ့မိအောင် မင်းက လုပ်ရက်တယ် အလကားပဲ
Verse 2
ဝမ်းသာပါတယ် နောက်တစ်ယောက်နဲ့တွဲ ပျော်နေတာ
တွေ့တော့ ငါ့ရင်တစ်ခြမ်းက မျက်ရည်လည်
မင်းက လုပ်ရက်တယ် သိက္ခာတွေမငဲ့
ကိုယ်လိုတာရနိုင်ဖို့ ငါ့ရင်ကို မင်းခွဲ အလကားပဲ...
Solo
Chorus
မင်းကစ လမ်းခွဲ နင် မလိုတော့ ငါ့အပြစ်ပဲ
နေပါစေ မင်းအတွက်နဲ့ ဝန်ခံတာ ငါ အရမ်းချစ်လို့ပဲ
မင်း မုန်းလည်း ရင်ကွဲလည်း ငါ ကွဲပါစေ အပျော်အပျက် သဘော ပဲ မှတ်ထားမှာ
တကယ် နင် စိတ်ချမ်းသာဖို့ ငါတစ်ယောက်တည်းဆို လည်း အဆင်ပြေတယ်
Chorus
မင်းကစ လမ်းခွဲ နင် မလိုတော့ ငါ့အပြစ်ပဲ
နေပါစေ မင်းအတွက်နဲ့ ဝန်ခံတာ ငါ အရမ်းချစ်လို့ပဲ
မင်း မုန်းလည်း ရင်ကွဲလည်း ငါ ကွဲပါစေ အပျော်အပျက် သဘော ပဲ မှတ်ထားမှာ
တကယ် နင် စိတ်ချမ်းသာဖို့ ငါတစ်ယောက်တည်းဆို လည်း အဆင်ပြေတယ်
Outro
တစ်ခုတော့ ပြောချင်တယ် ချစ်ခဲ့မိပါတယ်
ကိုယ်လိုတာရနိုင်ဖို့ ငါ့ရင်ကို မင်းခွဲ
Speed1.0x
Key0