Original key: G
Intro
Verse 1
ငယ်ရွယ်စဉ်ဆုံလာခဲ့ကြ နာမည်ပညတ်ထားတာ နွယ်နီတဲ့လေ
ဟိုစဉ်ကျောင်းသားဘဝ ရင်ခုန်လှုပ်ရှားခဲ့တာ မတည်ငြိမ်နိုင်သေးပါ
ဒီအချိန်တွေထိတော့ ငါလေစွဲလမ်းခဲ့တာ လိုချင်တယ် အချစ်ပါ
Verse 2
ရင်ခွင်မှာ ခုံမင်ဖူးစအရွယ် ပူလောင်တဲ့အချစ်ကို ငါခံစားမိ
ဝန်ခံဖွင့်ပြောဖို့ တကယ်ကိုအားနည်းခဲ့တာ အချိန်လွန်နောင်တတွေ
ရင်ခုန်သံများနဲ့ ပြန်ဆုံတွေ့ရမယ့်နေ့ ငါလေ မျှော်လင့်ရင်း
သိပ်ချစ်တဲ့ နွယ်နီရယ် အဝေးမှာ တစ်ဖက်သတ်ငါခံစားရ
မင်းကတော့ သိမယ်မထင်ဘူး အမြဲတမ်းစီးဝင်ကာနေခဲ့တယ်
မင်းအကြောင်းသာဒီအတွေးထဲ မေ့ဖျောက်လို့မရနိုင်တော့ဘူး နွယ်နီရယ်
Solo
Verse 3
ရင်ခွင်မှာ အပူလောင်ဆုံးမီး အချစ်ကို စသိလိုက်ချိန်နွယ်နီမင်းနဲ့
ငါလေမေ့မရခဲ့ အကြိမ်ကြိမ်ရူးသွပ်ခဲ့တာ ဒီအချိန်တွေထိပါ
ရှင်သန်နေတုန်းပဲ ဘယ်လိုဝဋ်ကြွေးများလဲ ငါကိုယ်တိုင်မသိခဲ့
Verse 2
ရင်ခွင်မှာ ခုံမင်ဖူးစအရွယ် ပူလောင်တဲ့အချစ်ကို ငါခံစားမိ
ဝန်ခံဖွင့်ပြောဖို့ တကယ်ကိုအားနည်းခဲ့တာ အချိန်လွန်နောင်တတွေ
ရင်ခုန်သံများနဲ့ တစ်ခါပြန်တွေ့ရမယ့်နေ့ ငါလေ မျှော်လင့်ရင်း
သိပ်ချစ်တဲ့ နွယ်နီရယ် အဝေးမှာ တစ်ဖက်သတ်ငါခံစားရ
မင်းကတော့ သိမယ်မထင်ဘူး အမြဲတမ်းစီးဝင်ကာနေခဲ့တယ်
မင်းအကြောင်းသာ ဒီအတွေးထဲ မေ့ဖျောက်လို့မရနိုင်ခဲ့ဘူး
သိပ်ချစ်တဲ့ နွယ်နီရယ် အဝေးမှာ တစ်ဖက်သတ်ငါခံစားရ
မင်းကတော့ သိမယ်မထင်ဘူး အမြဲတမ်းစီးဝင်ကာနေခဲ့တယ်
မင်းအကြောင်းသာဒီအတွေးထဲ မေ့ဖျောက်လို့မရနိုင်ခဲ့ဘူး နွယ်နီရယ်
Ending