Original key: D
INTROx3
VERSE
တိမ်ပြာတွေပြေးတဲ့အခါ
စိတ်လိုရာအလေးနက်
ရှာမနေနဲ့အရာရာ အဖြေရှားပါးနေလား
ငါအရှိန်အဝါတွေဝေးတဲ့
အခါအတိတ်ကိုသာမေ့လျက်
ငါမနေတဲ့ကမ္ဘာမှာမင်းနေသားကျစေသား
နေသာတဲ့နေ့တစ်နေ့မှာ
မင်းကိုတောင် ခွင့်လွှတ်ချင်စရာ
ငါတွေးလျက်သာစီးကရက်စ်လိပ်အသာ
အရှိူက်ကာပြုံးရင်း သက်ပြင်းဖြည်းဖြည်းချ
INSTRUMENTAL
CHORUS
နေ့ညအိပ်မရ ဖုန်းတွေဆက်နေပါလား
သွားကွာငါ ဘယ်သူနဲ့မှစကားမပြောချင်လို့ပါ
ငါပြောခဲ့ပါတယ်အတောမသတ်နိုင်တဲ့စောဒဂတွေကို
အခါခါ ထပ်ပြီးတော့မကြားပါရစေနဲ့ကွာ
INSTRUMENTAL
VERSE
အချိန်အခါတွေခေါင်းထဲမ
ထားရောင်းချင်ရာရောင်းတဲ့
ပလုတ်ပလောင်းစကားတွေ အတိမ်အနက်ဝေးတာများ
ကျိန်စာတွေတောင်းခဲ့သ
လားအခေါင်းမင်္ဂလာအောင်းတဲ့
ရုပ်အလောင်းပမာငြိမ်သက်ပေးနိုင်မလား
တိမ်ပြိုတဲ့နေ့တစ်နေ့မှာ
မင်းကိုတောင် သတ်ပစ်ချင်စရာ
ငါတွေးလျက်သာ စီးကရက်တစ်လိပ်အသာ
ရှိူက်ကာမောရင်း သက်ပြင်းကြမ်းကြမ်းချ
INSTRUMENTAL
CHORUS
နေ့ညအိပ်မရ ဖုန်းတွေဆက်နေပါလား
သွားကွာငါ ဘယ်သူနဲ့မှစကားမပြောချင်လို့ပါ
ငါပြောခဲ့ပါတယ်အတောမသတ်နိုင်တဲ့စောဒဂတွေကို
အခါခါ ထပ်ပြီးတော့မဟနဲ့
ပင်လယ်ရေမျောပြီးလွတ်မြောက်ခဲ့
လောဘနဲ့ဒေါသရယ်
ခြံကိုလုံအောင်လော့ချမယ်
နံရံတွေကိုပြောပြမယ်ကွာ
စာလေးဖတ်ကဗျာလေးမှတ်
အသာလေးနှပ်အနာလေးမကျက်ခင်အထိတော့
တောင်းပန်ပါတယ်ငါ့ကို
တစ်ယောက်တည်းထားပါရောင့်ရဲရ မှာ
တစ်ခဏသာမျှဒီဘဝ
Verse
Kafka နေ့တိုင်းဖတ်မယ်
ပြီးရင် Sitcom ကြည့်မယ်
မဖြစ်ထွန်းသေးတဲ့အိမ်မက်တွေ အရောင်စုံအောင်ခြယ်မယ်
ဂစ်တာညတိုင်းတီးမယ်
လသာရင် လွမ်းမိတဲ့
ငယ်ဘဝအကြောင်းကို ပြန်ပြောင်းသီချင်းဆိုမယ်
ကြယ်ကြွေတဲ့ညတစ်ညမှာ
မင်းကိုတောင် ဖျောက်ပစ်ချင်စရာ
ဆုတောင်းရင်းသာစီးကရက်တစ်လိပ်အသာ
ရှိုက်ကာပြုံးရင်း သက်ပြင်းဖြည်းဖြည်းချ
INSTRUMENTAL
CHORUS
နေ့ညအိပ်မရဖုန်းတွေဆက်နေပါလားလီးလား
ငါဘယ်သူနဲ့မှစကားမပြောချင်လို့ပါ
ငါပြောခဲ့ပါတယ်အတောမသတ်နိုင်တဲ့
စောဒဂတွေကို
အခါခါ ထပ်ပြီးတော့မကြားပါရစေနဲ့ကွာ
INSTRUMENTAL
ENDING
ပြောခဲ့ပါတယ်
ဖုန်းပိတ်ထားပြီး
နှုတ်ဆိတ်တော့မယ်ကွာ
ဒါ့ဒါဒါဒါ
ခလုတ်ပိတ်ထားပြီး
မျက်လုံးမှိတ်တော့မယ်ကွာ
အဆုံးကြုံပါပြီလား
မင်းမရှိတဲ့ကမ္ဘာဟာ လောကမှာ
နိဗ္ဗာန်ဘုံပါလား
နောက်ဘဝထဲ ပြန်မဆုံပါရစေသား
အတိတ်ကံကုန်စေသား
FADEOUT