
တိုးတိုးလေးပြောပါ
Intro
Verse 1
အလင်းမဲ့တဲ့ နှလုံးသားထဲ
ချစ်ခြင်းရဲ့ အလင်းရောင်
ဆောင်ကျဥ်း ပေးပါ
သိပ်လှတဲ့ အပြုံးလေးအောက်
ငါ့မျှော်လင့်ချက်တို့ နားခိုနိုင်စေဖို့
အခွင့် ပေးပါတော့
Chorus
သိပ်ချစ်တဲ့အကြောင်းလေးကြားချင်တယ်
ငါ့ဘဝနဲ့ရင်းပြီး တောင်းဆိုမယ်
မင်းသိတဲ့ အတိုင်းပဲ
ပြောပြလိုက်ပါ ချစ်သူရယ်
တို့တစ်ယောက်တည်း ကြားမဲ့စကားသံနဲ့
နှုတ်ခမ်းပါးလေး လှုပ်ခတ်သွားရုံနဲ့
တိုးတိုးလေးပဲ မင်းပြောပြလိုက်ပါ
အချစ်ရယ်
Verse 2
မွန်းကြပ်တဲ့ နှလုံးသားထဲ ချစ်ခြင်းရဲ့
လေညှင်းကို ဆောင်ကျဥ်းပေးပါ..
ရှက်တတ်တဲ့ ပါးလေးများ
ငါ့အနမ်းများ အတွက် နားခိုနိုင်စေဖို့
အခွင့်ပေးပါတော့
Chorus
သိပ်ချစ်တဲ့အကြောင်းလေးကြားချင်တယ်
ငါ့ဘဝနဲ့ရင်းပြီး တောင်းဆိုမယ်
မင်းသိတဲ့ အတိုင်းပဲ
ပြောပြလိုက်ပါ ချစ်သူရယ်
တို့တစ်ယောက်တည်း ကြားမဲ့စကားသံနဲ့
နှုတ်ခမ်းပါးလေး လှုပ်ခတ်သွားရုံနဲ့
တိုးတိုးလေးပဲ မင်းပြောပြလိုက်ပါ
အချစ်ရယ်
Bridge
မင်းရင်ထဲ ဘာရှိနေလဲ ငါ
သိချင်တယ် ကြားချင်တယ် ဖွင့်ပြောပါ
ရှက်မနေနဲ့ မကြောက်ပါနဲ့
ငါသိချင်ခဲ့ ကြားရုံလေးဖွင့်ပြောလိုက်
Chorus
Speed1.0x
Key0