
မှားချင်တယ်
Intro
Verse 1
ငါ့ဘဝထဲမှာ မှားတယ်ဆိုတဲ့အရာ
ကြီးကြီးမားမား မရှိခဲ့ဖူးပါ
မင်းကိုတွေ့လာပြီးတဲ့ နောက်ပိုင်းမှာ
ငါ့ရဲ့စိတ်တို့ပြောင်းလဲလို့
ဘဝနဲ့ရင်းပြီးမှားလိုက်ဖို့
တကယ်ဖြစ်လာ
မဆင်ခြင်နိုင်တော့ပါ
Verse 2
ငါ့ရင်ထဲမှာ သူ့အလိုလိုဖြစ်လာ
မင်းကိုချစ်တယ် ချစ်ခွင့်မရှိဘူးလား
ကြိတ်မှိတ်ပြီး ဖြေဖျောက်ရန်ငါကြိုးစား
ဦးနှောက်သိနဲ့နှလုံးသားတို့
လွန်ဆွဲပွဲကြီးကကြီးမားလို့
ယှဉ်ထိုးလာရင်
ဒီဦးနှောက်ကြီးကျရှူံးနေ
Chorus
ဒီဘဝ ဒီမျှနဲ့တော့
မကျေလည်နိုင်ဘူးကွာ
အကြိမ်ကြိမ်လမ်းခွဲပြီးမှ
သိလိုက်ရတာပါ
ဘယ်နေရာကိုရောက်ရောက်
ဘာတွေကိုလုပ်လုပ်
မင်းအကြောင်းခေါင်းထဲထုတ်မရတယ်
တခြားတစ်ယောက်တွဲမလားစိတ်မချတယ်
တမ်းတမ်းစွဲလို့ကြင်နာတယ်
ငါမြင်နေချင်တယ်
ဘဝနဲ့ရင်းပြီးဒီတခါနောက်ဆုံး
မှားချင်တယ်
music
v2+chorus
Speed1.0x
Key0