Original key: C to Db
Intro
Verse 1
နင်လမင်းလေးဆိုရင် ငါကြယ်စင်လေးအဖြစ်နဲ့ ခစား
နင်ကသီချင်းတစ်ပုဒ်ဆိုရင် ငါဂစ်တာအိုလေးဖြစ်ချင်တာ
လေပြည်ညင်းလေးလိုပါငါ နင်စေစားတဲ့နေရာလွင့်ပါး
နင်လိုတရအိပ်မက်များ အရာရာအကုန်ပြည့်ဝစေသား
Pre Chorus
နင်ပျော်အောင် အမြဲပေးဆပ်ဖို့အသင့်ငါရှိမှာ
နင်လိုတာအားလုံးဖြည့်ဆည်းဖို့အတွက် ငါကြိုးစား
ဘယ်အချိန်မဆို မင်းရဲ့နံဘေးနားမှာ ငါရှိမှာ
Chorus
နင်ဟာငါ့ရဲ့ဘဝ ငါ့အနာဂတ်ရဲ့ကမ္ဘာ နင်ဟာငါ့အသက်ပါ
နင်ဟာငါ့ရဲ့အရာရာ နင်ဟာအိပ်မက်ပါ ငါမျှော်လင့်ချက်များ
ငါစိတ်ကူးတိုင်းမှာ နင်ဟာငါ့ရဲ့အရာရာ
Music
Verse 2
ငါဘာတွေးတွေးနင်ဟာပါ တစ်နေကုန်ပြောသမျှ နင့်အကြောင်းအရာ
ငါဘယ်ရောက်လို့နေစေကွာ မခွာနိုင်ပါစိတ်ကနင့်အနား
နင်ဘယ်သွားသွားလာခေါ်ပါ ငါအချိန်ပြည့်နင့်ရဲ့အနားမှာ
ကာကွယ်စောင့်ရှောက်နေမယ်ငါ ပါရမီလေးဖြည့်ခွင့်ရှိမလား
Pre Chorus
နင်ပျော်အောင် အမြဲပေးဆပ်ဖို့အသင့်ငါရှိမှာ
နင်လိုတာအားလုံးဖြည့်ဆည်းဖို့အတွက် ငါကြိုးစား
ဘယ်အချိန်မဆို မင်းရဲ့နံဘေးနားမှာ ငါရှိမှာ
Chorus
နင်ဟာငါ့ရဲ့ဘဝ ငါ့အနာဂတ်ရဲ့ကမ္ဘာ နင်ဟာငါ့အသက်ပါ
နင်ဟာငါ့ရဲ့အရာရာ နင်ဟာအိပ်မက်ပါ ငါမျှော်လင့်ချက်များ
ငါစိတ်ကူးတိုင်းမှာ နင်ဟာငါ့ရဲ့အရာရာ
Solo
Chorus (Key Changed to Db )
နင်ဟာငါ့ရဲ့ဘဝ ငါ့အနာဂတ်ရဲ့ကမ္ဘာ နင်ဟာငါ့အသက်ပါ
နင်ဟာငါ့ရဲ့အရာရာ နင်ဟာအိပ်မက်ပါ ငါမျှော်လင့်ချက်များ
ငါစိတ်ကူးတိုင်းမှာ နင်ဟာငါ့ရဲ့အရာရာ
နင်ဟာငါ့ရဲ့အရာရာ အိုး နင်ဟာငါ့ရဲ့အရာရာ
နင်ဟာငါ့ရဲ့အရာရာ အိုး နင်ဟာငါ့ရဲ့အရာရာ