Original key: F
Intro
Verse 1
အသည်းတွေပေါက်မတတ် ချစ်ချစ်ကွယ်
တစ်ချိန်ချိန်မှာ မခွဲချင်လည်း တို့ခွဲရမယ်
ဒီသံယောဇဉ်ကြိုး ဘယ်လောက်ပဲမြဲမြဲ
မင်းဘဝရှေ့ရေးအတွက် ကြည့်သင့်တယ်
Verse 2
ငါတစ်ယောက်ပျော်ဖို့ထက် မင်းမျက်ရည်မမြင်ချင်ပါ
မင်းစိတ်ချမ်းသာဖို့အတွက်ကွယ် တကယ်ဆိုဘဝမှာ အချစ်ကလည်း
အရေးပါတယ် နေပါစေတော့ကွယ် နင်အဆင်ပြေဖို့အတွက်
Chorus
မချစ်နဲ့တော့ မုန်းသင့်နေပြီထင်တယ်
သွားလိုက်တော့ ဆက်မစောင့်နဲ့တော့
နင်ချန်ခဲ့ မင်းငဲ့ညှာလို့မနေနဲ့ အချစ်ရယ်
မင်းအတွက်လို့သဘောထားပြီး အဆင်ပြေအောင်နေပါ့မယ်
အသည်းခွဲတာမှမဟုတ်ပဲ တမင်မရည်ရွယ်ခဲ့
ဖြစ်သင့်တာပဲ လုပ်ရတယ်လို့ မြင်မယ်
မင်းအားမနာစမ်းပါနဲ့အချစ်ရယ် မင်းအတွက်
ငါကြိုးစားပြီး အဆင်ပြေအောင်နေပါ့မယ်
Verse 3
အိပ်မက်တွေလည်း ကိုယ်မက်ဖူးတယ်
အတူထိုင်ပြီးစိတ်ကူးယဉ်ခြင်းများအလယ်
တိမ်တိုက်လေးတွေအတိုင်း လေတိုက်တော့ပြိုကွဲ
ဘဝက မျှော်လင့်လို့မထားခြင်းတွေ ဖြစ်တတ်တယ်
Solo