Original key: A
Intro
Verse 1
အိတ်ကပ်ထဲကို နှိုက်ကြည့်တဲ့အခါ နှစ်ဆယ်တန်အကြွေလေးတချို့
ရည်းစားလေးနဲ့ ချိန်းထားလို့ပါ တစ်နေကုန်လည်ပတ်ဖို့
တစ်နေရာရာ သွားပြီးတော့ ပိုက်ဆံငါးရာ တစ်ထောင်ချေးဖို့
ဦးနှောက်ထဲမှာ အပြေးအလွှားတွေးကာ ပျာယာခတ်သွားလို့
Verse 2
ရည်းစားလေးအတွက် မွေးနေ့လက်ဆောင်တွေ ကျွန်တော်ဝယ်ပေးဖို့
သိမ်းထားတဲ့ စုဘူးလေးခွဲကာ အလျှင်အမြန် ကျွန်တော်ပြေးပို့
ကြင်နာသူလေး စိတ်မကောက်ဖို့သာ အရေးကြီးတာမို့လို့
နှမျောတဲ့စိတ်ကို ကျိတ်မှိတ်ဖျောက်ကာ ကျွန်တော်ဟာကျေနပ်လို့
Chorus
ကုန်ပါစေ ငါးသောင်းမက တစ်သိန်းမကလို့
ရှိသမျှ ပြုတ်ပြုတ်ပြုန်းပါစေ သူ့အတွက်မို့
ကျွန်တော့်အပေါင်းအသင်းများနဲ့ မိဘများလည်း
အားလုံးဝိုင်းပြီး မတားဆီးနိုင်တော့လို့
Verse 3
သူ့ရဲ့အချစ်ကိုရလိုက်တဲ့ အချိန်နာရီကစလို့
မိုးလင်းကနေ မိုးချုပ်ထိအောင် တစ်နေကုန်ကိုအလုပ်ရှုပ်
အချိန်နာရီ နေ့ရက် လနှစ်တွေ မသိနိုင်တော့ဘူးမို့
ခင်ဗျားတို့သိရင် ပြောပြကြ ဒီနေ့ဘာနေ့လဲဗျို့
Solo
Verse 1
အိတ်ကပ်ထဲကိုနှိုက်ကြည့်တဲ့အခါ နှစ်ဆယ်တန်အကြွေလေးတချို့
ရည်းစားလေးနဲ့ချိန်းထားလို့ပါ တစ်နေကုန်လည်ပတ်ဖို့
တစ်နေရာရာသွားပြီးတော့ ပိုက်ဆံငါးရာ တစ်ထောင်ချေးဖို့
ဦးနှောက်ထဲမှာ အပြေးအလွှားတွေးကာ ပျာယာခတ်သွားလို့
Verse 2
ရည်းစားလေးအတွက် မွေးနေ့လက်ဆောင်တွေ ကျွန်တော်ဝယ်ပေးဖို့
သိမ်းထားတဲ့ စုဘူးလေးခွဲကာ အလျှင်အမြန် ကျွန်တော်ပြေးပို့
ကြင်နာသူလေးစိတ်မကောက်ဖို့သာ အရေးကြီးတာမို့လို့
နှမျောတဲ့စိတ်ကို ကျိတ်မှိတ်ဖျောက်ကာ ကျွန်တော်ဟာကျေနပ်လို့
Chorus
ကုန်ပါစေ ငါးသောင်းမက တစ်သိန်းမကလို့ ရှိသမျှပြုတ်ပြုတ်ပြုန်းပါစေ
သူ့အတွက်မို့ ကျွန်တော့်အပေါင်းအသင်းများနဲ့ မိဘများလည်း အားလုံးဝိုင်းပြီး မတားဆီးနိုင်တော့လို့
Chorus
ကုန်ပါစေ ငါးသောင်းမက တစ်သိန်းမကလို့ ရှိသမျှပြုတ်ပြုတ်ပြုန်းပါစေ
သူ့အတွက်မို့ ကျွန်တော့်အပေါင်းအသင်းများနဲ့ မိဘများလည်း အားလုံးဝိုင်းပြီး မတားဆီးနိုင်တော့လို့
Verse 3
သူ့ရဲ့အချစ်ကိုရလိုက်တဲ့ အချိန်နာရီကစလို့
မိုးလင်းကနေ မိုးချုပ်ထိအောင် တစ်နေကုန်ကိုအလုပ်ရှုပ်
အချိန်နာရီ နေ့ရက် လနှစ်တွေ မသိနိုင်တော့ဘူးမို့
ခင်ဗျားတို့သိရင်ပြောပြကြ ဒီနေ့ဘာနေ့လဲဗျို့
Ending