Original key: D
Intro
Verse 1
ခဏလေးပါ ချစ်သူရယ် သေချာဆက်ဆက်စောင့်နေကွယ်
ပြန်ခဲ့မယ်ပြောခဲ့လည်း အပြီးနင်ထွက်သွားခဲ့တယ်
လုံခြုံမှုအပြည့် မပေးနိုင်တဲ့ အကာအရံမဲ့ ငါ့ဘဝအိမ်ထဲ
မလာဖြစ်တာကောင်းပါတယ် နင်ထားရစ်ခဲ့နိုင်ပါတယ်
Chorus
အသည်းခွဲခဲ့တဲ့ သူလို့ အပြစ်မပြောရက်ဘူးကွယ်
ရက်စက်လွန်းတဲ့ သူလို့ မစွပ်စွဲရက်ဘူးကွယ်
နင်ပိုင်တဲ့ နင်ဘဝရဲ့လမ်းပဲ ရွေးချယ်ခွင့်ရှိတယ်
မင်းကမချစ်တော့ပေမယ့် ငါမုန်းမရဘူးကွယ်
မင်းသတိမရတော့ပေမယ့် ငါကမမေ့ဘူးကွယ်
ငါဆုတောင်းပေးလိုက်ပါ့မယ် အဆင်ပြေပါစေကွယ်
Music
Verse 2
တကယ်ဆို အချစ်နဲ့ဘဝဟာကွယ် အကြွေစေ့ခေါင်းနဲ့ပန်းလို
အမြင်မှာ ကျောချင်းကပ်နေလည်း ဆန့်ကျင်ဖက်အရပ်သို့လှည့်
ရွှေမှုန်ကြဲတဲ့လမ်းတွေထက် နင်လျှောက်လှမ်းသွားလိုက်ပါကွယ်
နင်ဆုံးဖြတ်ခဲ့သမျှလည်း မမှားဘူး မင်းမှန်ပါတယ်
Chorus
အသည်းခွဲခဲ့တဲ့ သူလို့ အပြစ်မပြောရက်ဘူးကွယ်
ရက်စက်လွန်းတဲ့ သူလို့ မစွပ်စွဲရက်ဘူးကွယ်
နင်ပိုင်တဲ့ နင်ဘဝရဲ့လမ်းပဲ ရွေးချယ်ခွင့်ရှိတယ်
မင်းကမချစ်တော့ပေမယ့် ငါမုန်းမရဘူးကွယ်
မင်းသတိမရတော့ပေမယ့် ငါကမမေ့ဘူးကွယ်
ငါဆုတောင်းပေးလိုက်ပါ့မယ် အဆင်ပြေပါစေကွယ်
Solo
Verse 1
ခဏလေးပါ ချစ်သူရယ် သေချာဆက်ဆက်စောင့်နေကွယ်
ပြန်ခဲ့မယ်ပြောခဲ့လည်း အပြီးနင်ထွက်သွားခဲ့တယ်
Chorus
အသည်းခွဲခဲ့တဲ့ သူလို့ အပြစ်မပြောရက်ဘူးကွယ်
ရက်စက်လွန်းတဲ့ သူလို့ မစွပ်စွဲရက်ဘူးကွယ်
နင်ပိုင်တဲ့ နင်ဘဝရဲ့လမ်းပဲ ရွေးချယ်ခွင့်ရှိတယ်
မင်းကမချစ်တော့ပေမယ့် ငါမုန်းမရဘူးကွယ်
မင်းသတိမရတော့ပေမယ့် ငါကမမေ့ဘူးကွယ်
ငါဆုတောင်းပေးလိုက်ပါ့မယ် အဆင်ပြေပါစေကွယ်
(ရှေ့ဆက်ဘဝလမ်းထဲ) အဆင်ပြေပါစေကွယ်...