Original key: G
Intro
Verse 1
ငါလျှောက်လှမ်းနေဆဲ ကြမ်းတမ်းတဲ့လမ်းတွေထက်
ထင်မှတ်မထားခဲ့သော အတားအဆီးတွေ တွေ့တဲ့အချိန်
ယုံကြည်ချက်အပြည့်နဲ့ အိပ်မက်တွေ တဖြည်းဖြည်းနဲ့ပျက်တော့မယ်
Verse 2
ဒီလိုမြို့ပြရဲ့ ခြားနားတဲ့ဘဝတစ်ခုထဲ တောင်ပေါ်ထင်းရှုးရိပ် တောတန်းတွေလွမ်းမိတယ်
မြေနီလမ်းလေးလည်း ဟိုးတုန်းကအတိုင်းပဲ ရှိလို့နေမလား ငါတွေးရင်း
Verse 3
ပျော်ရွှင်ခြင်းများလည်း အခုတော့အကုန်ပျောက်ဆုံးခဲ့
ဒဏ်ရာများနဲ့ပဲ အားတင်းကာငါရှေ့ဆက် ပူလောင်ခြောက်သွေ့တဲ့ မြို့ပြနေ့များထဲ
မျှော်လင့်ခြင်းများစွာနဲ့ တမ်းတလို့နေရင်း ငါလွမ်းရင်း
Chorus
အိမ်ကိုလွမ်းတယ် ငါလွမ်းတယ် အမေ့ရဲ့အနားမှာကွယ်
ကလေးလေးတစ်ယောက်လိုပဲ ဟိုတုန်းကလိုရှိချင်တယ်
အိမ်ကိုလွမ်းတယ် ငါလွမ်းတယ် အားလုံးစွန့်လွှတ်ပြီး
အားလုံးထားခဲ့ပြီး အမေ့ရဲ့အိမ်ကလေးဆီ သားပြန်ခဲ့မယ်
Music
Verse 4
အပြာရောင်ကောင်းကင်အောက် စိမ်းလန်းတဲ့တောတန်းလေး
အနီရောင်အမိုးတွေနဲ့ လုံးချင်းအိမ်လေးများရယ်
သာယာအေးချမ်းတဲ့ မွေးရပ်ဇာတိပဲမို့ သတိရတယ်
Verse 5
ဒီအချိန် ဆောင်းနေ့ရက် နှင်းစက်မှုန်များကြားထဲ
တောင်ပေါ်မြို့ကလေးလည်း အခုလောက်ဆို အေးရော့မယ်
ချယ်ရီပန်းခင်းတဲ့ လမ်းကျဉ်းငယ်လေးများထက်
လျှောက်ခဲ့တဲ့နေ့တွေကို တွေးရင်း
Verse 6
ရင်ခုန်နှုန်းများလည်း တဖြည်းဖြည်းမြန်ဆန်သွားခဲ့
တစ်ခါပြန်မရနိုင်တဲ့ အတိတ်ဘဝအဖြူရောင်နေ့ရက်
တကယ်တန်ဖိုးထားရကောင်းမှန်းကို ငါမသိခဲ့
ဒီအချိန်မှ နှမြောလာခဲ့ အစားထိုးမရနိုင်တဲ့ ဒီအတိတ်ဟောင်းပဲ
Chorus
အိမ်ကိုလွမ်းတယ် ငါလွမ်းတယ် အမေ့ရဲ့အနားမှာကွယ်
ကလေးလေးတစ်ယောက်လိုပဲ ဟိုတုန်းကလိုရှိချင်တယ်
အိမ်ကိုလွမ်းတယ် ငါလွမ်းတယ် အားလုံးစွန့်လွှတ်ပြီး
အားလုံးထားခဲ့ပြီး အမေ့ရဲ့အိမ်ကလေးဆီ သားပြန်ခဲ့မယ်
Solo

Ending