Original key: C
Intro
Verse 1
ငါချစ်ခဲ့မိတာတွေအတွက် တောင်းပန်တယ်
တကယ်ဆို ငါ့ဘဝက နင်နဲ့မှ မတန်ပဲㅤ
အပြစ်ရှိတယ်ဆိုလည်း ကျေပါဒီနေရာမှာ ဆိုခဲ့တော့မယ်
ရင်ခုန်ခြင်းတွေလည်း တစစီကောက်သိမ်းရင်းကွယ်
Verse 2
အနှောင့်အယှက်တစ်ခုလို့ထင်ရင်လည်း အို တောင်းပန်တယ်
ဒီနေ့ကစ စိတ်မဆင်းရဲစေကွယ်
အဖိုးမထိုက်တန်လေတဲ့ ရင်မှာအကြင်နာတွေကို ပြန်သိမ်းထားမယ်
ဒီသီချင်းနဲ့ပဲ မင်းကိုကိုယ်နှုတ်ဆက်တယ်
သွားတော့မယ် လေထဲလွင့်တဲ့ ရွက်ကြွေတွေလို ဟိုအဝေးကွယ်
ငါသွားရမယ့် အခိုက်မှာ ငိုသူမရှိဘူး နားလည်
ရင်ထဲဝမ်းနည်းသမျှတွေ ဘယ်သူကူကာ ခံစားမယ်
ငွေကြေးမရှိတဲ့ ဘဝမှာ ကြင်နာသူလည်းမရှိ ငါနားလည်တယ်
Solo
Verse 3
ငါ့ဘဝကနုံခြာလို့ ကြိုးစားခဲ့လည်း
ခိုးမစားတော့ မတိုးပွားခဲ့နိုင်တယ်
ဘဝပေးတဲ့ကံကြမ္မာနဲ့နေထိုင် ရှင်သန်ချိန်မှာ ငါရိုးသားမယ်
မခေါ်ချင်ထားခဲ့ဦး မင်းကို ကိုယ်ခွင့်လွှတ်တယ်
လေထဲလွင့်တဲ့ ရွက်ကြွေတွေလို ဟိုအဝေးကွယ်
ငါသွားရမယ့် အခိုက်မှာ ငိုသူမရှိဘူး နားလည်
ရင်ထဲဝမ်းနည်းသမျှတွေ ဘယ်သူကူကာ ခံစားမယ်
ငွေကြေးမရှိတဲ့ ဘဝမှာ ကြင်နာသူဆိုတာလည်း မရှိ ငါနားလည်တယ်
Solo
သွားတော့မယ် လေထဲလွင့်တဲ့ ရွက်ကြွေတွေလို ဟိုအဝေးကွယ်
ငါသွားရမယ့် အခိုက်မှာ ငိုသူမရှိဘူး နားလည်
ရင်ထဲဝမ်းနည်းသမျှတွေ ဘယ်သူကူကာ ခံစားမယ်
ငွေကြေးမရှိတဲ့ ဘဝမှာ ကြင်နာသူလည်း မရှိ ငါနားလည်တယ်
Ending
( ) x3