Original key: A
Intro
Verse 1
ငါဟာ လမင်းတစ်စင်းဖြစ်ခဲ့ရင် ညှို့အားကောင်းတဲ့
ပင်လယ်ဟာ မင်း ဟိုအဝေးဆုံး ဝေးနေလည်း
ညှို့အားဆွဲငင်မှု မလွန်ဆန်နိုင်ခဲ့လို့
ပင်လယ်နဲ့ ဒီလမင်း ဆုံစည်းဖို့ဖြစ်လာခဲ့
Verse 2
ရင်မှာ လမင်းရဲ့ဆွဲငင်မှု ဒီနှလုံးသားက မလွန်ဆန်နိုင်ခဲ့
မြတ်နိုးမှုများစွာအတွက် ညှို့အားကောင်းသူလို့
ဆိုချင်နေဦးမလား ဒီလိုနဲ့..နှောင်ဖွဲ့ရင်း
ဆုံစည်းဖို့ဖြစ်လာခဲ့
ညှို့တတ်သောပင်လယ် ဆွဲငင်သောလမင်း
တို့နှစ်ဦး ဆုံတွေ့ကြတဲ့အခါ
ဆွဲငင်သော လမင်းနဲ့ ညှို့တတ်သော
ပင်လယ်ကြောင့် ဒီရေဆိုတဲ့ အချစ်တို့ဖြစ်တည်လာ
Solo
Verse 3
ကြင်နာ ချစ်ခြင်းတရား ဆန်းကြယ်မှု
အရာတိုင်း ပြောင်းလဲစေနိုင်ပါလား
ကမ္ဘာကြီးလည်း အချစ်မရှိပဲ
ဘယ်လိုမှ မလှနိုင်ဘူး ရင်ခုန်ရခြင်းတို့
ရှာဖွေရင်း ကိုယ်တို့နှစ်ဦး သက်ဆုံးထိချစ်နေမယ်
ညှို့တတ်သောပင်လယ် ဆွဲငင်သောလမင်း
တို့နှစ်ဦး ဆုံတွေ့ကြတဲ့အခါ
ဆွဲငင်သော လမင်းနဲ့ ညှို့တတ်သော
ပင်လယ်ကြောင့် ဒီရေဆိုတဲ့ အချစ်တို့ဖြစ်တည်လာ
ညှို့တတ်သောပင်လယ် ဆွဲငင်သောလမင်း
တို့နှစ်ဦး ဆုံတွေ့ကြတဲ့အခါ
ဆွဲငင်သော လမင်းနဲ့ ညှို့တတ်သော
ပင်လယ်ကြောင့် ဒီရေဆိုတဲ့ အချစ်တို့ဖြစ်တည်လာ
Ending