Original key: A
Intro
Verse 1
ကြွေကာလေမစဲ နေပူပူနေထဲ ပျံကာဝဲ
တောင်တန်းကြီးလည်း ခိုက်ခိုက်တုန်တုန်နေစဉ်မှာ
တောင်ပေါ်ကြွေတဲ့ နှင်းထုမြူခြေတွေ ရစ်ဆိုင်း
ငွေတိမ်လှိုင်း တစ်တောင်လုံးမှိုင်းလို့ လှမ်းမမြင်နိုင်
နှင်းခဲတွေကြွေ နှင်းမိုးတွေရွာ ချင်းမိခင်တောင်တန်း ချမ်းနေချိန်
( ဂျင်ဂျာ ဂျင်းဂျား ဂျင်းဂျား ဒန်တာ ဟေ့ ဂျင်းဂျား ဒန်တာ ဟေ့ ) x4
Music
Verse 2
ထိုစဉ် ဟိုအဝေး မှန်အိမ်ငယ်ကလေး တောင်ခြေမှ
တောင်ထိပ်ဖျားအထိ တရွေ့ရွေ့ညင်သာစွာ လာနေ
တောင်ပေါ်ဆရာမလေး စေတနာရှင်မလေး
သူလာနေပြီ ရင်တွင်း အမောဆို့ နှင်းတွေစို
သွေးခဲမတတ် အအေးဓါတ်ကို ရင်ဆိုင်ကာ တို့အတွက်လေ
ထက်မြက်တဲ့ အခွင့်အရေးဖြစ်တဲ့ ပညာတွေ သင်ပေးခဲ့
တောင်တန်းမြေမှ မီးအိမ်ရှင်မလေး ဂရုဏာရှင်မလေး နှင်းတွေစို
Solo
Verse 3
ဟိုတစ်နွေဆီက သူ့ငယ်စဉ်တွယ်တာခဲ့ ကြင်နာသူ
မြေပြန့်သားလေး လိုက်လို့လာခေါ်စဉ် အချိန်မှာ
ကြင်နာသူတစ်ဖက် တောင်ပေါ် မြေတစ်ဖက်
ဒီအခက်အခဲ လက်တွဲဖြုတ်လို့ ခေါင်းခါခဲ့
နှင်းခဲတွေကြွေ နှင်းမိုးတွေရွာ ချင်းမိခင်တောင်တန်း ချမ်းနေချိန်
သွေးခဲမတတ် အအေးဓါတ်ကို ရင်ဆိုင်ကာ တို့အတွက်လေ
ထက်မြက်တဲ့ အခွင့်အရေးဖြစ်တဲ့ ပညာတွေ သင်ပေးခဲ့
တောင်တန်းမြေမှ မီးအိမ်ရှင်မလေး ဂရုဏာရှင်မလေး နှင်းတွေစို
( ဂျင်ဂျာ ဂျင်းဂျာ ဂျင်းဂျာ ဒန်တာ ဟေ့ ဂျင်းဂျာ ဒန်တာ ဟေ့ ) x4