Original key: C
Intro
Verse 1
နေဝင်ချိန် ညခင်းလေး လေပြေညှင်း တိုက်ခတ်သွားသလို
ကြင်နာသူအသံလေးများ အာရုံထဲ ရိုက်ခတ်သွားတယ်
အေးချမ်းမှုတွေနဲ့ ထိတွေ့ရခြင်းမျိုး
လက်တွေ့ဘဝက ရုန်းထွက်ပြီး ပျော်စရာကမ္ဘာကိုရှာခဲ့သူ
ဖြူစင်ချစ်ခြင်းနဲ့ ဝေးရာထွက်ပြေးသူ
ကိုယ်ဟာ နောက်ဆုံးတော့ မင်းကိုသာ ချစ်သူ
နာကျင်ခြင်းတွေ မပေးတော့ဘူး ဒီလိုနောက်ထပ် မဆွေးချင်ဘူး
Verse 2
အချိန်တန်ရင် ဒီစိတ်က အိမ်ပြန်လမ်းရောက်ရောက်သွားတယ်
ကြင်နာသူ မငိုနဲ့တော့ ဆုံတွေ့ခြင်း အဆုံးသတ်ရှိတယ်
ဝေးခဲ့ကြသော်လည်း အိုး အနီးဆုံးက မင်းပဲ
လက်တွေ့ ဘဝက ရုန်းထွက်ပြီး ပျော်စရာကမ္ဘာကို ရှာခဲ့သူ
ဖြူစင်ချစ်ခြင်းများ လွယ်လွယ် ပျောက်မသွားဘူး
ရင်ထဲမှာ နောက်ဆုံးတော့ မင်းသာ ငါချစ်သူ
နာကျင်ခြင်းတွေ မပေးတော့ဘူး ဒီလိုနောက်ထပ် မဆွေးချင်ဘူး
မင်းကို ချစ်နေဆဲ မင်းကို ခိုးခိုးလွမ်းမိတယ် စိတ်မလျှော့လိုက်နဲ့
ဝေးကွာခဲ့သော်လည်း အရာရာ မမေ့နိုင်ခဲ့ အချစ်လေး
မင်းအနားက ရုန်းထွက်ပြီး ပျော်စရာကမ္ဘာကို ရှာခဲ့သူ
ဖြူစင်ချစ်ခြင်းများ လွယ်လွယ်ပျောက်မသွားဘူး
ရင်ထဲမှာ နောက်ဆုံးတော့ မင်းသာ ငါချစ်သူ
အားငယ်ခြင်းတွေ မပေးတော့ဘူး ရေး ရေးရေး ရေးရေးရေး ဝိုး ဝိုး
ရင်ထဲမှာ နောက်ဆုံးတော့ မင်းသာ ငါချစ်သူ
နာကျင်ခြင်းတွေ မပေးတော့ဘူး
ဒီလိုနောက်ထပ် မဆွေးချင်ဘူး