Original key: D
Intro
Verse 1
ဒါတကယ်ပဲလား သေချာနေပြီတဲ့လား
ကိုယ့်ရဲ့အသိစိတ်တို့ ယုံလို့တောင် မရခဲ့အခုထိ
အိပ်မက်လေးဆိုရင် ကောင်းမယ်
ကိုယ်ဆုတောင်းတွေ မပြည့်ဘူးကွယ်
အချစ်နေ့ရက်များလည်း ရပ်တန့်ဖို့ ဖန်တီးလာ
ကံကြမ္မာရယ် ဘယ်လိုကြောင့်များ မညှာတာပဲ ရက်စက်အား
ဟေ့ အငြိုးကြီးလွန်းတယ် ကြမ္မာမုန်တိုင်း တိုက်ခတ်ခဲ့
တို့အချစ်အိမ်ငယ်လေး ပျက်စီးခဲ့ပြီလေ
မျှော်လင့်ခြင်းနဲ့ ပြုစုခဲ့တဲ့ ပန်းပွင့်လေး အမြဲတမ်းမွှေး လန်းဆန်းရေး
လူချင်းဝေးလည်း နှလုံးသား အမြဲတမ်းနီးပါစေ ကိုယ်တို့ရဲ့အချစ် အမြဲတမ်းအသစ်
Verse 2
မပူပါနဲ့ အချစ်လေးရယ် ဟန်ဆောင်ရင်း ဖြေသိမ့်မယ်
အနီးဆုံး နီးထားရက်နဲ့ အဝေးကြီး ဝေးသွားတော့လည်း
ကံကြမ္မာရယ် ဘာ့အတွက်ကြောင့်များ မညှာတာပဲ ရက်စက်ပြီး
လှပတဲ့ တို့ရဲ့နေ့ရက်များ ရုတ်တရက် အကျဉ်းတန်ပြီး ပျက်စီးသွား
တစ်ချိန်ချိန်မှာ ပြန်ဆုံမယ်လို့ သိနှင့်နေလည်း ခွဲရမယ့်အခိုက်မှာ
မင်းရဲ့ မျက်ဝန်းရှေ့ အားတင်းတဲ့ကြားမှာ အဆွေးဆုံးခံစား
တိတ်တဆိတ် နှလုံးသားပဲ့ကြွေ ကြိတ်မှိတ်ငိုနေတယ်
မျှော်လင့်ခြင်းနဲ့ ပြုစုခဲ့တဲ့ ပန်းပွင့်လေး အမြဲတမ်းမွှေး လန်းဆန်းရေး
လူချင်းဝေးလည်း နှလုံးသား အမြဲတမ်းနီးပါစေ
ကိုယ်တို့ရဲ့အချစ် အမြဲတမ်းအသစ်
အိုး အူး ရင်ထဲမွှေး မွှေးနေပါစေ အမြဲတမ်းမွှေး
Verse 3
ရင်ထဲက ယုံကြည်ခြင်းတွေ ပျက်ကြွေ ကိုယ်ဆုတောင်း မပြည့်ဘူးလေ
ကိုယ်ရဲ့ အသိစိတ်ထဲက အခုထိ မယုံဘူးလေ
အချစ် အဝေး အဝေး မသွားပါနဲ့ ဘယ်လိုမှ ကိုယ်လေ ပြောမထွက်ခဲ့
အနီးဆုံး နီးထားချင်လည်းလေ ဝေးရမှာပဲ ဒါကို တို့ကိုယ်စီနားလည်ရင်းနဲ့
မျှော်လင့်ခြင်းနဲ့ ပြုစုခဲ့တဲ့ ပန်းပွင့်လေး အမြဲတမ်းမွှေး လန်းဆန်းရေး
လူချင်းဝေးလည်း နှလုံးသား အမြဲတမ်းနီးပါစေ
ကိုယ်တို့ရဲ့အချစ် အမြဲတမ်းအသစ်
တို့နှစ်ယောက် အချစ်နဲ့ ပြုစုခဲ့တဲ့ ပန်းပွင့်လေး အမြဲတမ်းမွှေး လန်းဆန်း ရေး
မျှော်လင့်ခြင်းနဲ့ ပြုစုခဲ့တဲ့ ပန်းပွင့်လေး တို့ရဲ့အချစ်တွေ လန်းဆန်းရေး
လန်းဆန်းရေး လန်းဆန်းရေး လန်းဆန်းရေး လန်းဆန်းဖို့အရေး
တို့နှစ်ယောက်အချစ်တွေနဲ့ တို့နှစ်ယောက်အချစ်တွေနဲ့
တို့နှစ်ယောက်အချစ်တွေနဲ့ တို့နှစ်ယောက်အချစ်တွေနဲ့