Original key: C
Intro
Verse 1
သိပ်ပျော်လိုက်တာ ရင်တောင်တုန်တယ် ပြန်စာပြန်စာသူလေးကပေးလာ
ဝမ်းလည်းသာ ပျော်တယ်အချစ်ရယ် ရွှေရုပ်ကလေးကောက်ရသလို
Chorus 1
မာနကြီးလေး မောင့်ရဲ့ချစ်သူ ပေးလိုက်တဲ့ စာလေးကြောင့်အသည်းလေးရွှင်
ကိုကိုခေါ်သံ သိန်းဆုထက်ခင် မိုးလေးအမြင့်ပေါ်ခုန်ကာတက်ချင်
Verse 1
သိပ်ပျော်လိုက်တာ ရင်တောင်တုန်တယ် ပြန်စာပြန်စာသူလေးကပေးလာ
ဝမ်းလည်းသာ ပျော်တယ်အချစ်ရယ် စိန်စီသောလမ်း ဖြောင့်တန်းစွာ
ရှားလားလာ လာလာ ရှားလားလာ လားလာလာ
ဂုဏ်ရည်လေးများ တူရင်တော့
အပြေးလေး လက်ထပ်ကြမယ် အဟုတ်တကယ်
Music
Verse 2
ချစ်သူရှိတယ် ဆိုနိုင်ပြီကွယ် လူလူသူသူ အချစ်ကလေး ကိုယ့်နံဘေးမှာ
ထမင်းလည်းမဆာ ရင်မှာပြည့်လာ အဘယ်နတ်မင်းလေးကကူ
Chorus 2
အိပ်မက်လေးထဲ စွဲလမ်းရသူ လှပတဲ့ အချစ်ကလေးတစ်ချစ်ရှိတယ်
ငွေလမင်းလေး မောင့်အချစ်နဲ့အတူ နှလုံးသားလေးအပေါ်ပီတိလေးတူ
Verse 3
မေတ္တာမြို့ဝယ် အတူတူနေမယ် အဖြူရောင်အကြင်နာ လက်ကလေးကမ်းလိုက်ကွယ်
မီးပင်လယ် ကျော်ကာဖြတ်မယ် အိပ်မက်လေးထဲ လာခဲ့ကွယ်
ရှားလားလာ လာလာ ရှားလားလာ လားလာလာ
ဂုဏ်ရည်လေးများ တူရင်တော့
အပြေးလေး လက်ထပ်ကြမယ် အဟုတ်တကယ်
Music
Verse 2
ချစ်သူရှိတယ် ဆိုနိုင်ပြီကွယ် လူလူသူသူ အချစ်ကလေး ကိုယ့်နံဘေးမှာ
ထမင်းလည်းမဆာ ရင်မှာပြည့်လာ အဘယ်နတ်မင်းလေးကကူ
Chorus 2
အိပ်မက်လေးထဲ စွဲလမ်းရသူ လှပတဲ့ အချစ်ကလေးတစ်ချစ်ရှိတယ်
ငွေလမင်းလေး မောင့်အချစ်နဲ့အတူ နှလုံးသားလေးအပေါ် ပီတိလေးတူ
Verse 3
မေတ္တာမြို့ဝယ် အတူတူနေမယ် အဖြူရောင်အကြင်နာ လက်ကလေးကမ်းလိုက်ကွယ်
မီးပင်လယ် ကျော်ကာဖြတ်မယ် အိပ်မက်လေးထဲ လာခဲ့ကွယ်
Ending