Original key: G
Intro
Verse 1
မစာနာနိုင်ဘူးလား ငိုနေသူမျက်ရည် အားလုံးဆုံးရှုံးသွားချိန်မှာ
ဘယ်သူကြိုသိမလဲ ကြုံလာမယ့်ဘေးဒုက္ခများ ဘဝနဲ့ရင်းခဲ့ရချိန်မှာ
ဆာလောင်မှုနဲ့မျက်ဝန်းများ ဒီလိုအဆုံးမရှိဘဝတွေ လမ်းပျောက်သွားတဲ့အချိန်
မစာနာနိုင်ဘူးလား ငိုရှိုက်သံကြားရင် မင်းလက်ကမ်းပြီးနှစ်သိမ့်ဖို့ရာ
မမေ့နဲ့ မစာနာနိုင်ဘူးလား ပေးဝေမျှပါ မေတ္တာတရားလေးထားကာ
လောကကြီးမှာ အသက်ရှင်ရတဲ့တို့ရဲ့ခဏတာ
Music
Verse 2
မြင်သာအောင်ကြည့်လိုက် သိမ်ငယ်မျက်ဝန်းများစွာ ဖြတ်သန်းဖို့ခက်တဲ့ မနက်ဖြန်များ
အရာရာပြန်အသစ်စ ကံကြမ္မာရဲ့ပြောင်းလဲတဲ့တရား
ဖေးမပေးပေါ့ မင်းစာနာ ဆာလောင်မှုများနဲ့မျက်ဝန်းများ ဒီလိုအဆုံးမရှိ
ဘဝတွေလမ်းပျောက်သွားတဲ့အချိန်
မစာနာနိုင်ဘူးလား ငိုရှိုက်သံကြားရင် မင်းလက်ကမ်းပြီးနှစ်သိမ့်ဖို့ရာ
မမေ့နဲ့ မစာနာနိုင်ဘူးလား ပေးဝေမျှပါ မေတ္တာတရားလေးထားကာ
လောကကြီးမှာ အသက်ရှင်ရတဲ့တို့ရဲ့ခဏတာ တို့ရဲ့ခဏတာ
မမြင်သာနိုင်ဘူး အလင်းရောင်လေး မင်းထွန်းညှိပေး
ရင်နာစရာဘဝ ဘဝတွေအတွက် မင်းလမ်းပြပေး
Solo

Ending