Original key: D
Intro
Verse 1
တစ်ခါကမြို့ထဲလမ်းလျှောက်တုန်း
တွေ့တဲ့မင်းရဲ့အလှကြောင့်ငါ ငုတ်တုတ်မေ့ခဲ့ဖူးပြီပေါ့
Flight ကစစီးဖူးတာမို့ စိတ်နဲ့နည်းနည်းတော့ကျွတ်တယ်
ရုတ်တရက်မင်းကိုတွေ့ပြီပဲ အကြိုက်ပေါ့
Pre Chorus
နင်ခရီးသည်ဆီးကြိုပုံလေး ငါခိုးကာငမ်းနေချိန်လေး
အမှတ်တမဲ့တွေ့ခဲ့ လက်စွပ်လေးရယ်
ပိုလိုက်တာ ငါ့ရင်ဘတ်ကြီးနင်သွားတယ် အသက်တောင်ရှုလို့မရ
ခေါင်းမူးတယ် လေယာဉ်ဆိုငါမုန်းပြီ
လည်နေတဲ့စက်ဝိုင်းထဲ နင်ဟာလူတွေနဲ့လိုက်နှုတ်ဆက်နေ
အိပ်မက်လား ဒါဟာဟုတ်ရဲ့လား မသိတော့ပါ
သိပ်ဆန်းကြယ် အရောင်စုံတဲ့ပန်းခင်းအလယ် အဖြူရောင်နင်ဝတ်ဆင်
ကမ္ဘာမှာအလှဆုံးသူ ဒါဟာမင်းလေးနဲ့ငါနဲ့ လက်ထပ်ပွဲ
Verse 2
နံဘေးကတိမ်တိုက်ရွေနေသလား နိုးတစ်ဝက်ဝါးတားတားရှေ့မှာ
မင်းလေး ငါ့ဆီရွေ့လာသလား နောက်တော့ ငါ့နားလေးကပ်ပြီး
တိုးတိုးနားထဲကြားလိုက်တယ် သိပ်ကိုချစ်တာပဲသိလား
Pre Chorus 2
ထွက်သွားတဲ့နင့်ကိုကြည့်ပြီး ငါ့နံဘေးလူငါ့ကိုဂြိုလ်ကြည့်
ငါဘာတွေကို လုပ်မိသလဲကွယ်
ဒီအထဲမှာခရီးသည်အကုန်လုံး လှောင်ပြုံးတယ်ငါ့ကို ဘာကြောင့်လဲ
ခေါင်းမူးတယ် လေယာဉ်ဆိုငါမုန်းပြီ
လည်နေတဲ့စက်ဝိုင်းထဲ နင်ဟာလူတွေနဲ့လိုက်နှုတ်ဆက်နေ
အိပ်မက်လား ဒါဟာဟုတ်ရဲ့လား မသိတော့ပါ
သိပ်ဆန်းကြယ် အရောင်စုံတဲ့ပန်းခင်းအလယ် အဖြူရောင်နင်ဝတ်ဆင်
ကမ္ဘာမှာအလှဆုံးသူ ဒါဟာမင်းလေးနဲ့ငါနဲ့ လက်ထပ်ပွဲ
နာနာနာနာ နာ့နားနားနာ
နာ့နားနားနာ နာ့နာ့နာ့နာ နာ့နာ့နားနာ
လျှောက်လမ်းမှာဧည့်ခံပုံလေး ငါမင်းကိုငေးနေချိန်လေး
မင်းလက်ထဲကလက်စွပ်လေးရယ် လေယာဉ်ကြီးကဆင်းသက်ခဲ့ပြီ
ငါဆင်းနေခဲ့တာ ဘယ်ကွင်းလဲ