Original key: E
Intro
Verse 1
ကြေကွဲခြင်းများရဲ့ မြစ်ရေကြီးချိန် ကျိန်စာခံရှာ မျက်ဝန်းတွေ
ခံစားခြင်းအဆုံးမှာ ငိုကြွေးခြင်းလည်း ရင်မှာ၀င်လာ တိုက်စားပြီ
မိုးသားများကို လှမ်းမျှော်ကြည့်ရင်း နာကျင်စွာ အော်ခေါ်နေမိတယ်
ဆုံခဲ့တဲ့ အချိန်တွေကို မတွေးမိရဖို့ ကြိုးစားရင်းနဲ့ ကျရှုံးခဲ့
Verse 2
မုန်တိုင်းများကြားမှာ မင်းရဲ့တေးသံ ဒဏ်ရာတွေကို ဖြေသိမ်ဖို့
မင်းရဲ့လက်တွေ လာပွေ့အဖက်မှာ ခန္ဓာကိုယ်ဟာပူနွေးလာ
လေတိုးလိုက်တဲ့အချိန် အနမ်းတွေလိုအတွေ့ ရင်တွေကို တုန်ခါစေခဲ့ပြီ
ချောက်ခြားခြင်းတွေကို သူအဝေးသယ်ဆောင်ကာ
အိပ်မက်လေးတစ်ခု ဖန်ဆင်းသွား
အချိန်တွေ ရပ်တန့်ပေးပါ အိပ်မက်များမှာ ရူးသွပ်စွာ နစ်မွန်းလိုက်ချင်
မျှော်လင့်ခြင်းအလင်းရောင်လေး ငါ့အမှောင်ကမ္ဘာက နှုတ်ဆက်ကာ ထွက်မသွားနဲ့
အကြိမ်ကြိမ် တွေ့ခွင့်ပေးပါ ပွေ့ဖက်ခြင်းများ အိပ်မက်တွေကို တမ်းတနေ
ပျော်ဝင်သွားခဲ့ အချိန်များ မျက်ရည်တွေထဲ ဘဝတစ်ခုရယ် ကြေကွဲမဆုံး
Solo
Verse 2
မုန်တိုင်းများကြားမှာ မင်းရဲ့တေးသံ ဒဏ်ရာတွေကို ဖြေသိမ်ဖို့
မင်းရဲ့လက်တွေ လာပွေ့အဖက်မှာ ခန္ဓာကိုယ်ဟာပူနွေးလာ
လေတိုးလိုက်တဲ့အချိန် အနမ်းတွေလိုအတွေ့ ရင်တွေကို တုန်ခါစေခဲ့ပြီ
ချောက်ခြားခြင်းတွေကို သူအဝေးသယ်ဆောင်ကာ အိပ်မက်လေးတစ်ခု ဖန်ဆင်းသွား
အချိန်တွေ ရပ်တန့်ပေးပါ အိပ်မက်များမှာ ရူးသွပ်စွာ နစ်မွန်းလိုက်ချင်
မျှော်လင့်ခြင်းအလင်းရောင်လေး ငါ့အမှောင်ကမ္ဘာက နှုတ်ဆက်ကာ ထွက်မသွားနဲ့
အကြိမ်ကြိမ် တွေ့ခွင့်ပေးပါ ပွေ့ဖက်ခြင်းများ အိပ်မက်တွေကို တမ်းတနေ
ပျော်ဝင်သွားခဲ့ အချိန်များ မျက်ရည်တွေထဲ ဘဝတစ်ခုရယ် ကြေကွဲမဆုံး
Music