Original key: G
Intro
Verse
ဆုံးရှုံးခြင်းသာ ရရှိခဲ့ပြီ ဒါကို အမှားအယွင်း တစ်ခုလို့ မထင်ချင်ပါ
လမ်းဟောင်းလေးမှာ နှလုံးသားတစ်ခုရဲ့ တီးတိုးငိုသံ ကြားနိုင်မလား
အိပ်မက်တစ်ခုဟာ ပြီးဆုံးခဲ့ပြီ လောင်မြိုက်ခြင်းနဲ့ ဘဝကို
အဆုံးသတ်မသွားပါ ဆုံနိုင်ခွင့်ရှိလည်း ဆုံချင်သေးပါရဲ့
ဒီလမ်းလေးပေါ်မှာ
Pre Chorus
ရုန်းမထွက်ချင်တော့ပါ စွဲလန်းခြင်းကို မြတ်နိုးစွာ
ဆိတ်ငြိမ်စွာ ခံစားရင်း ဘဝကို ကျေနပ်ရမှာပါ
ဘာကို မျှော်လင့်လို့ ဆုပ်ကိုင်ထားရမလဲ
တစ်ယောက်တည်း အထီးကျန်နေပြီပဲ
ဘာကို မကျေနပ်လို့ ဟစ်အော်နိုင်ဦးမလဲ
စကားတွေရှာလည်း မရနိုင်ခဲ့
ဘယ်ကို ထွက်ပြေးလို့ လွတ်မြောက်ခြင်းရှိမယ်
နှောင်ကြိုးများကို မဖြည်နိုင်ခဲ့
ငါဟာ သေဆုံးသော ရွက်ကြွေတွေ ဘဝလို
လမ်းဟောင်းလေးပေါ်မှာ ကြွေနေပါစေတော့ ရှုံးပြီးသား
Solo

Ending