Original key: C
Intro
Verse 1
အတူယှဉ်တွဲပြီး နေလိုက်ချင်တယ် အစဉ်တို့မခွဲဘူး
ရင်မှာ ချည်နှောင်ထားတဲ့ အချစ်စစ်က သက်ဆုံးတိုင်ထိ
ကြင်နာသူ အတူခေါ်သွား ကိုယ်ရေမြေခြားရင် နေလို့မရ
နောင်လာမယ့် နှစ်လတွေ အသစ်အသစ်တိုင်အောင် အတူရှိရမှ
အို ချစ်တဲ့သူလေး တစ်နယ်စီခွဲနိုင်မလား
Verse 2
အတူယှဉ်တွဲထား ခုဘဝကိုပဲ အမြတ်နိုးဆုံး ရင်မှာမပျော်နိုင်ဘူး
ချစ်လို့ကောင်းတုန်း ဝေးလေမလား ကြောက်နေလို့
ယုံကြည်ထားပါ ကိုယ်တစ်ယောက်တည်း အိမ်ကိုပစ်ခွာ ထွက်မသွားဘူး
နောင်လာမယ့် နှစ်လတွေ အသစ်အသစ်တိုင်အောင် အတူရှိရမှ
အို ချစ်တဲ့သူလေး ကိုယ့်အသည်းကို ခွဲသွားမလား
တစ်နယ်စီ အဝေးကို ထွက်သွားပြီး အဖော်အသစ်နဲ့ပျော်မလား
ယုံကြည်ထား အသည်းနှလုံးက ရင်ခွင်ဟောင်းထဲမှာ
Verse 3
မေရယ် စိတ်ချတော့ သက်ဆုံးတိုင်အောင် အဖော်မင်းလေးပဲ
ရင်မှာ ချည်နှောင်ထားတဲ့အချစ်နဲ့ အဆုံးသတ်ချင်တယ်
အတူခေါ်သွား ကျန်မနေချင်ဘူး ရေမြေခြားရင် နေလို့မရ
နောင်လာမယ့် နှစ်လတွေ အသစ်အသစ်တိုင်အောင် အတူရှိရမှ
( အို ချစ်တဲ့သူလေး မင်းက တစ်နယ်စီခွဲနိုင်မလား ) x4